TNLA ထိန်းချုပ်ထားရာခရိုင် ၅ ခုတွင် တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ ၁၂၆ ဦးနှင့် ရောင်း ဝယ်သူ ၁ ဦးကို ဖမ်းဆီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၈
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင် (၅) ခရိုင်တွင် တစ်လ အတွင်း မူယစ်ဆေးဝါးသုံးစွဲသူ ၁၂၆ ဦးနှင့် ရောင်း ဝယ်သူ ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ လ အတွင်း ဖြစ်သည့် ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့် ဆန်ခရိုင်နှင့် နမ့်ခမ်းခရိုင်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရား ဥပဒေစိုးမိုးရေးတပ်ဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ဦးနှင့် ရောင်းဝယ်သူ (၁၃) ကို ဦး ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။
ကျောက်မဲခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၃၈)ဦး နှင့် မူယစ်ဆေးဝါးရောင်း၀ယ်သူ (၄) ဦးနှင့်အတူ ယာမ (၁၂၇၆)ထုပ်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မိုးကုတ်ခရိုင်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁)ဦးနှင့် မူယစ်ဆေးဝါး ရောင်း ၀ယ်သူ (၂) ဦး၊ ကွတ်ခိုင်ခရိုင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅) ဦးနှင့် မူယစ် ဆေး ဝါး ရောင်း၀ယ်သူ (၁)ဦး၊ နမ့်ဆန်ခရိုင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈)ဦး၊ နမ့်ခမ်း ခရိုင်တွင် မူးယစ် ဆေးဝါးသုံးစွဲသူ (၅၄)ဦးနှင့် မူယစ်ဆေးဝါးရောင်း၀ယ်သူ (၆)ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိသူများကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ဆောင်ပေး ခြင်းနှင့် ပြစ်မှုကြီးသည့် သူများကိုလည်း အကျဉ်းထောင်အတွင်း၌ ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရား ဥပဒေစိုးမိုးရေးတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media