Poem

0 0
Read Time:1 Minute, 55 Second

ကဗျာကဏ္ဍ “တိမ်းရင်းရာဇဂြိုလ်”

 

ပျိုးကြဲလက်

 

ဗိမ္ဗိသာရ ၊ မင်းမြတ်မှသည်

ရာဇဂြိုလ်ပြည် ၊ မှန်းဆရည်က ။

 

အဇာတသတ် ၊ အဖသတ်၍

‌ခွေးဇာတ်ကိုပြု ၊ အာဏာလုသည် ။

 

အဖသတ်မင်း ၊ ချေရာနင်းလျက်

မင်းဆက်ငါးလီ ၊ သတ်ချေပြီ ။

 

နာဂဒါသ ၊ အလှည့်ကျသော်

အဖသတ်မင်း ၊ ပြည်ကတင်း၍

ခံပြင်းထကြွ ၊ မောင်းထုတ်ကြသည်။

 

နာဂဒါသ ၊ အာဏာရလည်း

အမုန်းများစွာ ၊ ပြည့်ကျိန်စာနှင့်

သစ္စာဆိတ်သုန်း ၊ တိုက်တိုင်းရှုံး၍

နှလုံးမလှ ၊ ပြေးခဲ့ရ၏ ။

 

နဒီချင်းတွင်း ၊ ဖောင်စုန်ဆင်း၍

အပြင်းနှင်ရာ ၊ အောင်မြေချာဟု

ပညာထက်ဘိ ၊ မြတ်ကဝိတို့

ရွေးသည့်အရပ် ၊ ကျုံးသုံးရပ်နှင့်

နန်းရပ်မြို့ရိုးတည်ခဲ့သည် ။

 

ထီးသစ်နန်းသစ် ၊ ကြငှန်းသစ်နှင့်

မြို့သစ်စံကာ ၊ စိတ်မသာဘု

သူ့မှာခံစစ် ၊ ရန်သူသစ်တို့

ပတ်ရစ်ဝန်းရံ ၊ စစ်ပြုပြန်သော်

ထပ်မံစစ်ရှုံး ၊ လူညွှန့်တုံးပြီ

ထီးဆုံးနန်းဆုံး ၊ ဘဝဆုံး၏ ။

 

တိမ်းရင်းရှောင်ရင်း ၊ မြို့ပြခင်း၍

တိမ်းရင်းရာဇဂြိုလ် ၊ အမည်ပိုလျက်

ခေါ်ဆိုမြဲပင် ၊ ဘုတလင်၌

ယခင်ကြေးခေတ် ၊ သမိုင်းဖြစ်သည့်

ကျောက်ဖြစ်ရုပ်ကြွင်း ၊ စုပုံခင်းသည်

ဆောင်ကျဥ်းလေ့လာ ၊ ပညာရှာလော့ ။

 

ညောင်ကန်ရွာနီး ၊ မြို့ပျက်ကြီးတွင်

မင်းကြီးနာဂ ၊ ငိုချင်းချလျက်

နောင်တတစ်သက် ၊ ဘဝဖျက်သည့်

ရမ္မက်အာဏာ ၊ ချိုလှစွာက

တစ်ခါတောင့်တ ၊ စစ်မီးခပြီ

နာဂဒါသ ၊ ငရဲကျ ။

 

သြော်

အာဏာရမ္မက် ၊ ငမ်းငမ်းတက်သည့်

ရဲမက်ဗိုလ်ပါ ၊ အိမ်တော်ပါလည်း

အိမ်ယာလောင်မီး ၊ ကျသတည်း

မြို့ကြီးပျက်ကာသူ့ထီးတည်း ။  ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *