ပွင့်ဖြူမြို့နယ်တွင် အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၇
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အင်အား ၁၅၀ ဦးခန့်ရှိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ် သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ မဲဇလီတံတားတိုက်ပွဲတွင်အထိနာခဲ့သော စစ်ကောင်စီ တပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ် -မုံရွာလမ်းအတိုင်း ၃ မိုင်ပေါက်သို့ အင်အား ၁၅၀ ခန့်ဖြင့် ကျားတက်တက်လာခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန် ၃ မိုင်ပေါက်သို့ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ၃ မိုင်ပေါက်၌ တိုက်ပွဲဖြစ်ပြီး အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ပြန်လည်ဆုတ် ခွာသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်တွင် ရုန်းပင်ကျေးရွာသို့ ထပ်မံ၍ ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
ထိုနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လက်နက်ကြီး ပစ်ကူများဖြင့် ကြီးအုံကြီးဝ တမံသို့ စစ် ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ညနေ ၄နာရီ ၃၀ မိနစ်ဝန်းကျင်မှ ၆ နာရီအထိ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်မှ အထိနာ၍ မဲဇလီ ရဲစခန်း နှင့် နောက်ချန် စစ်သားများမှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက်ပေးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲ ၂ ကြိမ် အတွင်း စစ်သား ၂၀ ဦးဝန်းကျင်သေဆုံးကာ ၁၀ ဦကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ စစ်ကောင်စီတပ်သားများသည် လက်ရှိအချိန်ထိ ကြီးအုံကြီးဝ တမံကုန်းတွင်သာ ရှိသေးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရသည်။
“၂၀ ဝန်းကျင်သေပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ ပွင့်ဖြူ ၃ မိုင် ပေါက်မှာ တစ်ကြိမ်နဲ့ ကြီးအုံကြီးဝ တမံတှာ တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့တာပါ။ တမံတိုက်ပွဲဖြစ်ပြီးတဲ့ နောက်မှာ ရှေ့ဆက်မတိုးတော့ပါဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ဒီနေ့တော့ ပြန်ဆုတ် သွားပါပြီ။ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုတွေမရှိပါဘူး” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပြည်သူကာကွယ်ရေးအဖွဲ-ပွင့်ဖြူမြို့နယ်နှင့် မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Thanlwin Myanmar Media