Crime News

0 0
Read Time:3 Minute, 0 Second

အွန်လိုင်းမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် တရုတ်မယားအဖြစ်ရောင်းစားရန် စီစဉ်ခဲ့သည့်အဖွဲ့မှ တရုတ် နိုင်ငံသား တစ်ဦးကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၇

 

ရန်ကုန်တိုင်း၊ ဒလမြို့မှ မိန်းကလေးတစ်ဦးကို တရုတ်မယားအဖြစ်ရောင်းစားမည်ဆိုကာ အွန် လိုင်း ပေါ်ပျံ့နှံလျက်ရှိသည့် Video မှ ပြစ်မှုကျူးလွန်ရန်စီစဉ်မှုတွင်ပါဝင်သည်ဟုဆိုသော တရုတ်နိုင်ငံ သားတစ်ဦးကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်ထံက သိရ သည်။

 

ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ဒလမြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီးနှိမ်ရေး ဥပ ဒေ ပုဒ်မ ၃၅ ၊ ပုဒ်မ ၄၄ ဖြင့်အမှုဖွင့်ခံထားရသူ တရုတ်နိုင်ငံသား Mr, Luo Fei သည် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ် အမှတ် TG 304 ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးကောင်တာသို့ ဝင်ရောက် လာခဲ့စဉ် အမှတ် (၁၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒု-ရဲ-မှူး -ဇော်ထူးအောင်ဦးစီးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူ တရုတ်နိုင်ငံသား Mr, Luo Fei အပါအဝင် မသီတာအောင် ၊ အောင်ဇော်ဦး (ခ) ဟာမီဒူ လာ နှင့် အမည်မသိတရုတ်နိုင်ငံသားတို့သည် ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင်နေထိုင် အမျိုးသမီးငယ် တစ်ဦးကို တရုတ်မယားအဖြစ်ရောင်းစားရန် Video ရိုက်ကူး၍ လူမှုန်ကွန်ယက်၌ လွှင့်တင်ခဲ့ကြောင်း၊ ထိုသို့ လွှင့်တင်ပြီး ရရှိသော အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရန် ပူးပေါင်းစီစဉ်ခဲ့သဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒလမြို့မရဲစခန်းတွင်အမှုဖွင်တိုင်ကြားခဲ့ကြောင်း သိရသည်။

 

“လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းဆက်ပါ။ ဘဝခက်ခဲမှုကို အခွင့်ကောင်းယူပြီး တရုတ် မယား အဖြစ် ရောင်းစားကြဖို့ လုပ်တာ၊ ကျန်တရားခံတွေကိုတော့ စုံစမ်းရှာဖွေနေလို့ သိရပါတယ်” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောကြားသည်။

 

ဖမ်းဆီးရရှိသူ တရုတ်နိုင်ငံသား Mr.Luo Fei ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ၊ ၄၄ ဖြင့် အရေး ယူနိုင်ရန် အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်) သို့ လွှဲပြောင်းထားကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *