Read Time:1 Minute, 2 Second
ကဗျာကဏ္ဍ “တပ်ချစ်သူသာ အခရာ”
ပျိုးကြဲလက်
ရာထူးကိုပင် ဘိုးဘွားအမွေထင်ပြန်ပေါ့
ငါသာလျှင် ဘုရင်မြတ်ကွယ့်
တပ်မတော် အင်အားရှိရင်ဖြင့်
ဖျက်ဆီးဘိ တိုင်းပြည် ။
ပြည်သူကို ရန်သူမှတ်တာက
လူသတ်စရာ လက်နက်ဆန်းတွေနဲ့
သူထပ်ကာ ဆက်ဆက်ရမ်းပြန်တော့
ပြည်တဝှမ်းမှာ စစ်မီးအမှန်တိုးပါဘိ
မျိုးပျောက်တော့မည် ။
အမျိုးဘာသာ ပလီပလာနဲ့
မခိုးသာတာ အညီအညာမို့
မဲစာရင်းဆွဲကာ ပြည်ထောင်အသစ်ကိုလ
စစ်ခေါင်းဆောင်တို့ အလီလီ
ဖျက်ခဲ့ပြီ သိလား ။
စစ်သားဆိုတာ ယောက်ျားကွယ့်
ချစ်မယားကိုသာ ထောက်ထားဟဲ့
စဉ်းစားကာ မသေရာရပ်လို့
တပ်ချစ်ရင် ခေါင်းဆောင်ယုတ်ကို
မောင်းထုတ်စေသား ။ ။
ပျိုးကြဲလက်
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက် နံနက်အစောပိုင်း ၁ နာရီ ၂၉ မိနစ်
Thanlwin Myanmar Media