မြစ်သားမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု အရာရှိများအပါအဝင် စစ်ကောင် စီတပ်သား ၄ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၆
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိများ အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျောက် ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က မြစ်သားမြို့မှ ယစ်ကန်ရဲစခန်းသို့ ထွက် လာသော ကား ၂ စီး၊ ဆိုင်ကယ် ၅ စီးပါ ယာဉ်တန်းကို မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာနှင့် မကျည်းကန်ကျေးရွာကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်မှုထမ်းပေါ်တာလာဆွဲမယ် သတင်းရလို့ မိုင်းထောင်ပြီး ကြိုစောင့်နေတာ၊ ထွက်မလာတော့ ကတ္တရာလမ်းပေါ်တွင်ပြီး အသံမိုင်း ၃ လုံး အရင်ခွဲလိုက်တယ်။ ယစ်ကန်စခန်းမှူးက မြစ်သားကို အစည်းအဝေးသွားတက်လား မသိဘူး။ သူအပါအဝင် ကား ၂ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ထွက်လာတာ၊ စခန်းမှူးကားနဲ့ ဆိုင်ကယ် ၂ စီးနဲ့က နောက်မှာကျန်ခဲ့တယ်၊ ကားနဲ့ ဆိုင်ကယ် ၃ စီးက ရှေ့ပြေး တက်လာတာ၊ မိုင်းကွင်းထဲ ကွက်တိရောက်လာတဲ့အချိန် မိုင်းဆွဲလိုက်တာ၊ နယ်ထိန်းအပါအဝင် အရာရှိ ၃ ဦးနဲ့ စုစုပေါင်း ၄ ဦးသေတယ်၊ ဆိုင်ကယ် ၃ စီးပေါက်က ၆ ဦးကတော့ ဆိုင်ကယ်ရော လူရော တခါတည်းပဲ လဲကျမှောက်သွားတာ၊ သေတဲ့အရေအတွက်ကတော့ အတည်ပြုလို့ရတယ်၊ ဒဏ်ရာရတဲ့သူတွေက မြစ်သားဆေးရုံမှာ တင်ထားတယ်လို့ပဲ သတင်းရသေးတယ်။ နောက်ဆက် တွဲသေမသေတော့အတည်ပြုလို့မရသေးဘူး” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်းခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ဖွဲ့၊ Myingyan 35 Local တပ်ဖွဲ့ နှင့် အောင်သပြေညီနောင် (ကျောက်ဆည် Local PDF) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media