သရက်ချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၆
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှီကြောင်း T5 Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ သရက်ချောင်းမြို့နယ် ၊ ဂုံညှင်းဆိပ်ရွာ၊ သဲလမ်းရွာတို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း ဒရုန်းတပ်ဖွဲ့ များက ဒရုန်းဖြင့် ၃ ရက်ဆက်တိုက် လိုက်လံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများ T5 wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ နှင့် SKY GHOST DRONE FORCE တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေး ပူးပေါင်းဒရုန်းတပ်များအနေဖြင့် ယခု ထက်မက အကြမ်းဖက်စစ်ကောင်စီ တပ်သား များကို တိုက်ခိုက်ချေမှုန်းနိုင်ရန်အတွက် မိဘပြည်သူများမှ လက်တွဲပါဝင်ကူညီပေးကြပါရန် မေတ္တာ ရပ်ခံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media