TNLA News

0 0
Read Time:2 Minute, 48 Second

နောင်ချိုမြို့နယ်၊ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည် သူ ၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဓမ္မာရုံနှင့် ကျောင်းဆောင်ပျက်စီး  

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ သပြေတောင်ဘုရားကုန်းပေါ်ကို အကြမ်းဖက်စစ်ကောင် စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဓမ္မာရုံနှင့်ကျောင်းဆောင် ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က တအာင်း ပြည်၊ တပ်မဟာ ၂ နယ် မြေ၊ နောင်ချိုမြို့နယ်၊ သပြေတောင်ဘုရားကုန်းပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း ကို အသုံးပြုပြီး ဗုံး ၁ လုံး ကြဲတိုက်ခိုက်ခဲ့ရာ ကြံကားမောင်းသည့် အသက် ၃၀ အရွယ် စိုင်းလှဦး ဗုံးစ ထိမှန် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးစထိမှန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် စိုင်းလှဦးကို ဒေသနေပြည်သူများက ဆေးကုသရန် ဆေး ရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံနှင့်လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးနှင့် ရဲစခန်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲ တိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *