Magway News

0 0
Read Time:2 Minute, 32 Second

ဆိတ်ဖြူမြို့နယ်၊ ကျောင်းရွာအနီးရှိ စစ်တပ်ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၆

 

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ကျောင်းရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီမှ စ၍ ဆိတ်ဖြူမြို့နယ်၊ ဆော – ဆိတ်ဖြူကားလမ်းဘေး ကျောင်းရွာ တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ကင်းစခန်းကို ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာရီအထိ ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင် ရာ ကင်းစခန်းပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နားလိုက်ချလိုက်နဲ့ ၂ ရက်ဆက်တိုက်ချခဲ့တာပါ။ သေဆုံးထိခိုက်မှု နောက်ဆက်တွဲ သတင်းကတော့ မသိရသေးဘူး။ စခတွေကို ကပစ ၂၁ ထဲ သယ် သွားတာတော့ သိရတယ်။ အထိနာတော့ လက်နက် ကြီး တွေ အရမ်းပစ်တယ်။ Paramotor စက်တပ် လေထီးနဲ့ ပတ်ကြဲတယ်။ ပြည်သူတွေထိတယ်၊ နွား ၄ ကောင်သေတယ်။ ရဲဘော်တွေတော့ အထိအ ခိုက်မရှိပါဘူး” ဟု နယ်စည်းမခြား ဖရီးဒမ်း ဖက် ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရ စစ်သားများကို ကပစ – ၂၁ တပ်ထဲသို့ ကားဖြင့်သယ်ဆောင် သွားခဲ့ကြောင်း၊ ထို့နောက် ကပစ – ၂၁ တပ် ထဲမှလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စက် တပ်လေထီး (Paramotor) ဖြင့်ဗုံးသီးများကျဲချခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျွန်းမကြီး ရွာမှ ပြည်သူ ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရ သည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ ဦးဆောင် ပြီး ဆိတ်ဖြူအနောက်ပိုင်းဇုံ ၁ (ပကဖ) AK တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *