PDF News

0 0
Read Time:2 Minute, 29 Second

စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာတာနှင့်အမျှ အင်အားများလိုအပ်နေသဖြင့် တပ်သားသစ် များခေါ်ယူ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၆

 

စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန်လာသည်နှင့်အမျှ အင်အားများ လိုအပ်လာသဖြင့် တပ်သား သစ်များခေါ်ယူနေပြီဖြစ်ကြောင်း ကျားသစ်နက် စစ်ကြောင်း – Balck Panther Column ထံမှ သိရသည်။

 

ယခုအခါ စိုးမိုးထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာပြီး တိုက်ခိုက်ရေး၊ ချေမှုန်းရေးနှင့် စိုးမိုး ထိန်းချုပ်နယ်မြေများတွင် ထိန်းချုပ်နိုင်ရန် တပ်သားအင်အားများ လိုအပ်နေသောကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ကျန်းမာသန်စွမ်းသောသူ၊ အခြေခံ တိုက်ခိုက်ရေး၊ ချေမှုန်းရေး စစ် သင်တန်း တက်ရောက်နိုင်သူ၊ စစ်ကြောင်းမှ ပေးအပ်သည့် တော်လှန်ရေးတာဝန်များကို ၂ နှစ် အနည်းဆုံး တာဝန်ထမ်းဆောင်နိုင်သူများကို ခေါ်ယူနေ ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ တိုက်ခိုက်ရေး၊ ချေမှုန်းရေး ရဲဘော်တွေကို ခေါ်ယူတာပါ၊ နယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ အင်အားတွေ တိုးလာတယ်။ ပြီးတော့ စိုးမိုးနယ်မြေတွေမှာ ကာကွယ်ရေး လုပ်ဖို့ လူတွေလိုလာတယ်။ နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ အင်အားတွေပိုလိုလာတယ်။ ပြီးတော့ အရွေ့အသစ်တစ်ခုကို ထပ်သွားဖို့အတွက် အင်အားလိုလာတဲ့အတွက် ထပ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်က အလကားနေရင်း အတင်းအဓမ္မ ပေါ်တာဆွဲတာခံပြီးတော့ နေရမယ့်အတူတူ လက်ရှိ ပြည်သူ့ဘက်မှာ ရပ်တည်ပြီးတော့ ကိုယ်ကိုတိုင်လည်း ဒါကို လုပ်ချင်တယ်ဆိုရင်တော့ အမြန်ဆုံးလာခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။” ဟု  ကျားသစ်နက် စစ်ကြောင်း – Balck Panther Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ကျားသစ်နက်စစ်ကြောင်းသို့ ဆက်သွယ်မည့် တပ်သားသစ်များ အနေဖြင့် Black Panther column facebook page –

 

https://www.facebook.com/share/1GBXyDY7ot/

 

Telegram user name – @bpc29905

 

Telegram channel – https://t.me/bpcfamily

 

တို့တွင် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *