ရေး – သံဖြူဇရပ်လမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု သစ်သား ၅ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
မွန်ပြည်နယ် ရေးမြို့နယ်၊ သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်ရှိ ကွမ်းဒူးနှင့် နှၚ်းစုံကျေးရွာကြား တံတား အနီးတွၚ် တပ်စွဲထားသည့် စစ်ကောၚ်စီစစ်ဆေးရေးဂိတ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၆ နာရီခန့်က ရေးမြို့နယ်၊ သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်ရှိ ကွမ်းဒူးနှင့် နှၚ်းစုံကျေးရွာကြား တံတား အနီးတွၚ် တပ်စွဲထားသည့် စစ်ကောၚ်စီစစ်ဆေးရေး ဂိတ် စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ အနီးကပ် ဝၚ် ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦး အနည်းဆုံး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ထို့အပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက်တွၚ် အာရုတောၚ် အခြေစိုက် စစ်ကောၚ်စီ ခမရ ၃၄၃ နှင့် ခမရ ၅၈၇ တပ်ရၚ်းတို့မှ လက်နက်ကြီးများဖြၚ့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media