Sagaing News

0 0
Read Time:4 Minute, 6 Second

မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅

 

စစ်ကိုင်းတိုင်း၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင်တပ်ရင်း ၁၂ -လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က ချောင်းဦး -မြင်းမူလမ်းမပေါ်ရှိ ငွေကမ္ဘာမင်း စက်သုံးဆီအရောင်းဆိုင်အနီးတွင် ခရီးသွားပြည်သူကားများအား အကြမ်းဖက်စစ်သား ၃၀ ခန့်က ဆက်ကြေးကောက်နေကြောင်း သတင်းအရ တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ရန် ပြင်ဆင်ခဲ့ကြောာင်း သိရသည်။

 

ထို့သို့ ပြင်ဆင်နေစဉ် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ သံပြားကာ ကား ၅ စီး ထွက်ခွာလာကြောင်း ထပ်မံ သတင်းရရှိ သောကြောင့် မိုင်း ဖောက်ခွဲ တိုက် ခိုက်ရေး ရဲဘော်များမှ အသင့်ထောင်ထားသော မိုင်းကွင်းအနီး နေရာယူကာ စောင့်နေစဉ် သံပြားကာ ကား ၃ စီးမှာ မိုင်းကွင်းအတွင်း ဝင်ရောက်လာသဖြင့် တတိယမြောက်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းထိ ပြီး ယင်းကားမှာ ထိုးရပ်သွားခဲ့ကြောင်း၊ထို့အပြင် ယင်းကားပေါ်ပါ အကြမ်းဖက်စစ်သား ၃ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရပ်တန့်သွားသည့်ကားကို ပထမနှင့် ဒုတိယသံပြားကာ ကား ၂ စီးက ပြန်လည်မောင်းနှင်လာ ကာ ခရီးသွားပြည်သူများကို တားဆီးစစ်ဆေး၍ ဓားစာခံပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ခရီးသွား ပြည်သူကားများကို အကာအကွယ်ယူကာ ငွေကမ္ဘာမင်းဆီဆိုင်အနီး၌ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားသည် လမ်းမကြီးအတိုင်း သန်လွန်မြန်မာ ဆီဆိုင်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ ကြောင်း သိရသည်။

 

သန်လွင်မြန်မာဆီဆိုင်အတွင်း ဝင်ရောက်တပ်စွဲနေစဉ် ညနေ ၃ နာရီအချိန်၌ ပြ်ညသူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ယင်းအကြမ်းဖက်စစ်သားများသည် ချောင်းဦးမြို့အဝင် မုံရွာ – ပခုက္ကူ – မန္တလေးလမ်း လမ်းဆုံရှိ ဂိတ်သို့ ပြန်လည်ဆုတ်ခွာခဲ့ရာ ညနေ ၅ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် ပကဖ ဒရုန်း လက်ရုံးတပ် ၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်း ၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ -၃ ၊ ငမိုးရိပ် စစ်ကြောင်း (Nga Moe Yeik column) ၊ နွေဦးညီအကိုများ စစ်ကြောင်း (Nway Oo Brothers column) ၊ Eleven People Defense Force နှင့် Royal Tiger Force (ဆားလင်းကြီး) တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ စစ်ဆင်ရး အောင်မြင်စွာ ဆင်နွှဲနိုင်ရန် ဝိုင်းဝန်းပါဝင် အားဖြည့်၍ အတူတကွ လက်တွဲ တိုက်ခိုက်ခဲ့ကြသော တော်လှန်ရေး အင်အားစုများတကွ၊ စစ်ဆင်ရးအတွင်း အသုံးပြုခဲ့သာ ခဲယမ်း၊ လက်နက်များ ထောက်ပံ့ကူညီ ပေးကြသည့် ပြည်တွင်း ပြည်ပမှ မိဘပြည်သူ ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း သတင်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *