ဘီလင်းမြို့နယ်၊ မဲပရီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ် သား ၂၉ ဦးသေဆုံးပြီး ၂၉ ဦးအရှင်ဖမ်းမိကာ ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် ၄၂ လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မဲပရီဗျူဟာစခန်းကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ် သား ၂၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦးအရှင်ဖမ်းမိကာ ဟောင် ဝှစ်ဇာလက်နက်ကြီးအပါအဝင် ၄၂ လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော် သူးလေအုပ်ချုပ်နယ်မြေ၊ ဒူသထူခရိုင်၊ တပ်မဟာ ၁ ၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီ ကျေးရွာ၌ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် အ မှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ ၂ မှူး ဗိုလ်-မှူး-ကြီး -သက်လွင်ဦးနှင့် အမှတ် ၄၀၅ ခြေမြန်တပ်ရင်း တပ်-ရင်း-မှူး ဒု-ဗိုလ်-မှူး-ကြီး -စိုင်း-သူရ-ဌေး တို့ ဦးဆောင်သည့် တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦး နှင့် ဗိုလ် ကြီး ၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီး ၁ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊တပ်ကြပ်ကြီး ၄ ဦး၊ တပ်ကြပ် ၅ ဦး၊ ဒုတပ်ကြပ် ၄ ဦး နှင့်တပ်သား ၁၄ ဦး သုံးပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး စစ်သုံပန်း များအနက် ဒါဏ်ရာရရှိသူ ၁၃ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း ၄၂ လက်၊ လက်နက်ကြီး ကျည် ၁၃၃ လုံး၊ လက်နက်ငယ်ကျည်ဆံ ၁၇၂၆၄ တောင့် အပြင် စစ်အသုံးအဆောင်ပစ္စည်းများ ကို လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦး ဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း တိုင်းပြည်နှင့်လူမျိုးအတွက် ၃ ဦး အသက်ပေးလှူခဲ့ရကာ ၃၃ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လ အကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter လေယာဉ်ဖြင့် ၃၃ ကြိမ် ၊ Y−12 လေယာဉ်ဖြင့် Drop Bomb ၁ ကြိမ် ၊အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ အမှတ် ၃ ၊ ခြေမြန်တပ်ရင်းမှ ၁၅၅ မမ လက်နက်ကြီး ဖြင့် ၃ ကြိမ် စစ်ကူပစ်ပေးသည့်အပြင် Y−12 ထောက်ပို့ဖြင့် လက်နက်ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ ၁၂ ကြိမ် ချပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ကာလအတွင်း အရပ်သားပြည်သူများမှ အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံမှုကြောင့် ဘီး လင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စုအတွင်းရှိ ရွာ ၈ ရွာမှ အိမ်ခြေ ၂၆၆ အိမ် လူဦးရေ ၁၃၁၈ ဦး၊ အစူး ချောင်းကျေးရွာအုပ်စုအတွင်းရှိ ရွာ ၄ ရွာမှ အိမ်ခြေ ၁၇၃ အိမ် လူဦးရေ ၈၇၇ ဦး၊ ပီတိကျေးရွာအုပ်စု အတွင်းရှိ ရွာ ၄ ရွာမှ အိမ်ခြေ ၁၂၁ အိမ် လူဦးရေ ၆၆၅ ဦး၊ ရွှေလောင်းအင်းကျေးရွာအုပ်စုရှိ ရွာ ၄ ရွာ မှ အိမ်ခြေ ၂၄၄ အိမ် လူဦးရေ ၁၁၂၆ ဦး စုစုပေါင်း ရွာ ၁၉ ရွာမှ အိမ်ခြေ ၈၀၄ အိမ် လူဦးရေ ၃၉၈၆ ဦး မှာ အိုးအိမ် စည်းစိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေခဲ့ရကြောင်း KNU ဗဟိုက ပြန်ထားသည်။
Thanlwin Myanmar Media