ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းအတွင်း၌ အဆောက်အအုံပျက်များကို ပြန်လည်ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်သားများသည် ပြင်ဆင်နေစဉ် အဆောက်အအုံ၏ အနောက်ဘက်၌ စုပြုံနေခဲ့ကြောင်း၊ ထို့သို့ စုပြုံနေသည့် အကြမ်းဖက်စစ်သားများ ကို SHAR HTOO WAW နည်းပညာ Fixed wings Drone နှစ်စင်းဖြင့် 1300g ဗုံးသီး ၃ လုံး ၊ 600 g ဗုံး သီး ၃ လုံးတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပစ်မှတ်ကို သေချာထိရောက်ခဲ့တယ်ဆိုတော့ သေဆုံးထိခိုက်မှုကတော့ရှိတယ်၊ အတိအကျတော့ မသိရဘူး၊ တိုက်ပွဲဖြစ်ထားတုန်းက မှန်ထားတဲ့အရာတွေ၊ အပေါက်အပြဲတွေကို ပန်ရံတွေဝင်လုပ် နေတာ၊ ပန်ရံတွေက တံတားဦးဘက်ကနေခေါ်လာတာ၊ သူတို့ထဲပဲ ဖြစ်လိမ့်မယ်။ ဒီနားပတ်ဝန်းကျင် ကလူခေါ်ခိုင်းတာမဟုတ်ဘူး။ စခန်းထဲကနေ စခတွေ အပြင်ထွက်နေတဲ့အချိန် ချခဲ့တာ။ ဒရုန်းနဲ့ ဗုံးကျဲပြီးတော့ ကောင်တာပြန်တာရှိတယ်၊ စခန်းကို ဝင်လုံးခံရမယ်ထင်ပြီး အနီးပတ်ဝန်းကျင်ကို ထွက်တာမျိုးရှိတယ်။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများနေထိုင်ရာ နေရာသို့ တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အော်ဟစ်သံများ၊ ညည်းငြူသံများ ကြားရပြီး ခဏအကြာတွင် အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်ကာ အင်အား ၃၀ ခန့်ဖြင့် ရဲစခန်းအနီးပတ်ဝန်းကျင်ကို ကင်းလှည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media