ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာ ပျူစခန်းမှ ထွက်လာသော စစ်သား၊ ပျူများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာ ပျူစခန်းမှ ထွက်လာသော စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာ ပျူ အထိုင်စခန်းမှ ဆိုင်ကယ် ၄ စီးဖြင့် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်သားနှင့် ပျူ ၈ ဦးကို ညောင်ပင်ဆိပ်ရွာမြောက်ဘက်အရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူ ၄ ဦး သေဆုံးြောင်း သိရညသ်။
ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူများ ကိုင်ဆောင်အသုံးပြုသည့် G-3 အမျိုးအစားသေနတ် ၃ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၂ လက်၊ ကျည် ၂၄၉ တောင့် နှင့် ကျည်အိမ် ၁၁ တို့ကို သိမ်းဆည်းရရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media