Poem

0 0
Read Time:1 Minute, 3 Second

ကဗျာကဏ္ဍ “မိမိကိုယ်သာ”

 

ပျိုးကြဲလက်

 

သူတည်းတစ်သက် ၊ အာဏာမက်၍

မြို့ပျက်ရွာပျက် ၊ အိမ်ရာပျက်ပြီ ။

 

သစ်ရိပ်ဝါးရိပ် ၊ ကျောင်းကန်ရိပ်လည်း

စိုးထိပ်ဗျာပွေ ၊ ပူလောင်ချေပြီ ။

 

ခေါင်းလောင်းထိုးသံ ၊ တညံညံနှင့်

စာအံသံတိတ် ၊ ကျောင်းတွေပိတ်ပြီ ။

 

တရားမဲ့ကင်း ၊ စစ်မက်ခင်း၍

သွေးချင်းနီရဲ ၊ လင်းတဆွဲပြီ ။

 

မိအိုဖအို ၊ ဇရာအိုတို့

ဝန်ပိုဒုက္ခ ၊ စစ်ပြေးရပြီ ။

 

လောကငရဲ ၊ လောင်မြိုက်ဆဲ၌

တလွဲအတ္တ ၊ လွန်ကဲကြပြီ ။

 

အို

လောကစောင့်ကြပ် ၊ အသင်နတ်တို့

သေနတ်ဖောက်၍ ကြောက်ပြီလော ။

 

လောကစောင့်ကြပ် ၊ အသင်နတ်တို့

သေနတ်ကြောက်၍ ပျောက်ပြီလော ။

 

အလို

တရားစောင့်ကြပ် ၊ လောကနတ်ပင်

သေနတ်ကျည်ခ ၊ ကြွေခဲ့ရရှာပြီတကား ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၃ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *