ဆီမီးခုံမြို့မှ ဈေးဝယ်ပြီးပြန်လာသော ပျူဆိုက်တွဲ ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဆိုက်တွဲဖြင့် ပြန်လာသော ပျူများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၈ ရက် နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာပျုရွာမှ ဆီမီးခုံမြို့သို့ ဆိုက်တွဲ ၂ စီး ဖြင့် ဈေးဝယ်သွားပြီး ပြန်လာသော ပျုများကို ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်သင်္ဘော တည်ရှိရာ ရေတပ်စခန်း) နှင့် ဆုံရွာပျုရွာကြား ကားလမ်းမကြီးပေါ်၌ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးသေဆုံးပြီး ၂ ဦးထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် မြင်းခြံမြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ – (MNGF) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်း ဆုံရွာ ပျူစောထီးရွာသည် အနီးနား ရှိကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း၊ ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်း ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media