ရေးမြို့မ ရဲစခန်း အချုပ်သားများက ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်ကို လုယူပစ်ခတ်သဖြင့် ရဲ ၃ ဦး သေ ဆုံး၊ ၃ ဦးပြန်လည်ဖမ်းမိပြီး လွတ်မြောက်လာများကို ရေးဘီလူးတပ်ဖွဲ့မှ ကယ်ထုတ်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ မြို့မအချုပ်ခန်းအတွင်း၌ အချုပ်သားများက ရဲတပ်ဖွဲ့ဝင်များ၏ သေနတ် များကို လုယူ၍ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေဿနေသတင်းရင်းမြစ် များထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့်က ရေးမြို့မရဲစခန်းအတွင်းရှိ အချုပ်းခန်းထဲသို့ ဒု -ရဲ-အု- ပ် နိုင်လွင်ဦး ၊ ရဲ-တ-ပ်-ကြ-ပ် မြင့်ထွန်းနှင့် ရဲတသ ကျော်စွာထက်တို့ ၃ ဦးသည် အချုပ်သားများ ကို ထမင်းပုံးများ ပေးအပ်နေစဉ် အချုပ်သားများက သေနတ်များ လုယူပစ်ခတ်ခဲ့ရာ ရဲ ၃ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် မြို့မရဲစခန်းမှူး ဒု-ရဲ-မှူး မြင့်ဦးလည်း ယာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ရေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့နောက် အချုပ်ခန်းအတွင်းရှိအချုပ်သား ၅ ဦးထွက်ပြေးသွားပြီး ပြန်လည် ပစ်ခတ်တိုက်ခိုက်နေ သည့် အချုပ်သား ၃ ဦး ပြန်လည်ဖမ်းမိခဲ့ကာ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများကို ရေးဘီလူးတပ်ဖွဲ့က ကယ်ဆယ် ခေါ်ထုတ် ထားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ယက်မှတဆင့် အသိပေးထုတ်ပြန် ထားသည်။
Thanlwin Myanmar Media