အကြမ်းဖက်စစ်ကောင်စီအပေါ် ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူမှုမရှိသည့် အ ပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေသော်လည်း စစ်အာဏာရှင်အမြစ်ပြတ် သည်အထိ ခိုင်ခိုင်မာမာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင် ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေသော်လည်း စစ်အာ ဏာရှင်စနစ်အား အမြစ်ပြတ်၊ ချုပ်ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုလိုက် သည်။
ဇန်ဝါရီလ ၃၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ် ကျင်းပရာ၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော (၄) နှစ်တာကာလအတွင်း၌ မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ် အတိ ဖြစ်ခဲ့ပြီး (၆,၂၃၀) ကျော်သော အပြစ်မဲ့ အရပ်သားပြည်သူများမှာ စစ်တပ်၏ မတရား သတ် ဖြတ်မှုကို ခံခဲ့ရကြောင်း၊ ၃.၅ သန်းကျော်သော ပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ လူ သန်းပေါင်း (၂၀) ခန့်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ် လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသည်။
မြန်မာပြည်သူများအနေဖြင့် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင် လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်း၊ ထိုမျှ ဆိုးရွားလှ သော အခြေအနေများ ဖြစ်ပေါ်နေစေကာမူ ရာဇဝတ် စစ်တပ်က ရက်စက် ကြမ်းကြုတ်မှုများ၊ လူသားမဆန်သည့် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ် ရာဇဝတ်မှုများကို ဆက်လက်၍သာ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်ကြောင်းကြောင်း ဆက်လက် ထောက်ပြထားသည်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား ကူ ကယ်ရာမဲ့နေသဖြင့် ကုလသမဂ္ဂ၏ ကတိကဝတ်နှင့်အညီ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ဆောင် ကျဉ်းကာ အသက် အိုးအိမ်များကို အမှန်တကယ်ပင် အကာအကွယ်ပေးနိုင်လိမ့်မည်ဟု လေးလေး နက်နက် ယုံကြည်ခဲ့သဖြင့် အသံကျယ်ကျယ်တောင်းဆိုခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ လုပ် ဆောင်ချက်များကို စွမ်းဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့သည့်ကို တွေ့မြင်လာရသည်နှင့်အမျှ ပြည်သူများမှ ထားရှိခဲ့သည့် ယုံကြည်ချက်နှင့် မျှော်လင့်ချက် တို့မှာ တစစ မှေးမှိန်ပျက်ပြယ်လာခဲ့ ကြောင်း၊လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်အဆို (၂၆၆၉) ရှိကြောင်း၊ သို့သော် ယင်းအား အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုလိုက်သည်။
ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက ဤနေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများ အနေဖြင့် အလွန်အမင်း စိတ်ပျက်နေရ သည့်အခြေအနေကို တင်ပြခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် လည်း ထပ်လောင်း ပြောဆိုရမည်သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း အလွန်အမင်း အားမလို အားမရ ဖြစ်နေရပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည် အထိ ချုပ် ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်ကြောင်း၊ ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြင့် မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက် နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထား ကြောင်း၊ ယင်း ဆုံးဖြတ်ချက်ဖြင့်ပင် အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် အခြားသော တော်လှန်ရေးအင်အားစုများနှင့် လူပုဂ္ဂိုလ်များဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
ထို့ကြောင့် ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် မြန်မာ့အကျပ်အတည်းအား မြန်မာ ပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ ရေရှည် တည်တံ့သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် အ ထောက် အပံ့ပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုလိုက်သည်။
မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် အချိန်ကုန်လွန်နေပြီဖြစ်ပြီးယခုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်ကို အထူးလိုအပ်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းအစီအစဉ်တွင်လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့်မြန်မာ့အရေးအတွက် Penholder ဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီ တာဝန်ခံ/ ဒုတိယအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း တို့က အမှာစကားများ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media