Sagaing News

0 0
Read Time:2 Minute, 22 Second

စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ကား ပျက်စီး ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာလွတ် မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး – BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာ -မန္တလေးလမ်း အတိုင်းထွက်လာ သော အကြမ်းဖက်စစ်တပ် သံပြားကာကား ၁ စီးကို ချောင်းဦးမြို့ နယ်၊ ငါန်းယှန်ကျေးရွာထိပ် အ ရောက် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကာ ဖောကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“စခကားက တစ်စီးတည်းပါ၊ ငါးယှန်ရွာထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်းထိပြီးတော့ ငါးယှန်ရွာ ထိပ်မှာ ၁ နာရီလောက်ကြာတယ်။ ရပ်သွားတာ၊ ပြီးမှ အဲဒီကားပေါ်က စခတွေကို ဖောကားနဲ့ လာ ခေါ်သွားတာ၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို ချောင်းဦးဆေးရုံဟောင်းထဲမှာ ထားခဲ့တယ်လို သိရ တယ်။ ကျန်တဲ့သူတွေကိုတော့ နမခဘက်ကို ခေါ်သွားတာပါ၊သေဆုံးထိခိုက်မှုအရေအတွက်တော့ မသိရသေးဘူး” ဟု ဗမာလွတ် မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး – BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကိုဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းနှင့် Yae Nagar People Defend Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *