တပ်မတော်သားများနှင့် တိုင်းပြည်ချစ်သည့် စစ်ဗိုလ်ချုပ်များ ပြည်သူ့ဘက်မျက်နှာမူပြီး စစ်ကောင်စီ ကို ငြင်းဆန်ကြရန် ယာယီသမ္မတ တိုက်တွန်း
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
တပ်မတော်သားများနှင့် တိုင်းပြည်ချစ်သည့် စစ်ဗိုလ်ချုပ်များအနေဖြင့် စစ်ကောင်စီကို ငြင်းဆန်ပြီး ပြည်သူ့ဘက် မျက်နှာမူကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာ ရပ်ခံတိုက်တွန်းပြောကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားရတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်မြန်မာစစ်တပ်အတွင်းက တိုင်းပြည်နဲ့ နိုင်ငံကိုချစ်မြတ်နိုးသော တပ်မတော် သားတွေ အမြောက်အများဟာ ပြည်သူ့ဘက်ကို လက်တွေ့ကျကျ ပါဝင်ရပ်ခံလာစေရေးဟာ အင်မ တန်အရေး ကြီးကြောင်း ပြောကြားလိုပါတယ်၊ စစ်တပ်ရဲ့ အကြမ်းဖက်စရိုက်ကို ရွံမုန်းတဲ့ တပ်မတော် သား စစ်စစ်တွေ များစွာ ကျန်ရှိနေတယ်လို့လည်း ခံစားနားလည်ပါတယ်။ ဒါကြောင့်တိုင်းပြည်နဲ့ ပြည်သူ လူထုရဲ့ မျက်နှာကို ထောက်ထားပြီး မြန်မာစစ်တပ်ထဲက တပ်မတော်သား စစ်စစ်တွေနဲ့ တိုင်းပြည် ကို ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး အကြမ်းဖက် စစ် ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျနော့်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။” ဟု နိုင်ငံတော်ယာယီ သမ္မတဒူဝါလရှီးလက ပြောကြားသည်။
စစ်အာဏာရှင်စနစ်တစ်ခုလုံးအမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် စစ်အာဏာရှင် ယန္တရားအောက်ရှိ တပ်မတော်သားများ၊ အမှုထမ်းတွေအရာထမ်းများ ဘက်ပြောင်းပါဝင်မှုသည် အင်မတန် အရေးကြီး ကြောင်း ၊ ပြည်သူ့ဘက်ကို ရဲဝံ့စွာ ဘက်ပြောင်းရပ်ခံလာသည့်မြန်မာ့တပ်မတော်အတွင်းက တပ်မ တော်သားများနှင့် အမှုထမ်းအရာထမ်းစစ်ဗိုလ်များကို ပြည်သူလူထုများက အချိန်မရွေး နေရာမရွေး ကြိုဆိုလမ်းကမ်းနေကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအားဖြင့် နိုင်ငံတဝန်း ပြည်သူများ အထွေထွေဆင်းရဲဒုက္ခ ကြုံ ခဲ့ရပြီး စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် ၁၀၃၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“လက်နက်နဲ့အာဏာသိမ်းနိုင်ရင် အစိုးရဖြစ်ပြီလို့ ယူဆထားဟန်တူပါတယ်။ ဒီအမြင်အယူအဆ အ တွေး အခေါ်တွေဟာ လက်နက်အားကိုးပြီး မင်းမူတဲ့ စစ်အာဏာရှင်တွေရဲ့ အခြေခံအမူအကျင့်နဲ့ အခြေခံ စဉ်းစားချက်ဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်၊ တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းမှာ ခေတ် ဆိုး စနစ်ဆိုးတွေ ပယ်ဖျက်နိုင်ရေး အတွေးအခေါ်ဟောင်းတွေ၊ အာဏာရှင်ဓလေ့ဟောင်းတွေကို တော်လှန်ရှင်းပစ်ရန်လိုအပ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို သန်းနှင့်ချီသည့် ပြည်သူများက ခုခံဆန့်ကျင်ခဲ့ပြီး စစ်တပ်၏ လုပ် ရပ်ကို အလိုမရှိကြောင်း ကမ္ဘာကြီးသိစေရန် လက်တွေ့ပြသခဲ့ကြောင်း၊ ပြည်သူများ၏ အားပေးထော က်ခံမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ သည် စစ်ကောင်စီတပ်ကို နိုင်ငံရေးနည်း၊ ခုခံတော်လှန်စစ်နည်းဖြင့် အောင်မြင်စွာ တော်လှန်ဆန့် ကျင်ခဲ့ကြောင်း ထောက်ပြထားသည်။
“၄ နှစ်အတွင်း မြန်မာ့နိုင်ငံရေးသမိုင်း၌ အကျယ်ပြန့်ဆုံး၊ အနက်ရှိုင်းဆုံးသော ခုခံတော်လှန်ရေး လှုပ် ရှားမှုများကို ဦးဆောင်ချီတက်နိုင်ခဲ့ရာ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၁၄၀ ကျော်ကို ထိန်းချုပ်ကွပ်ကဲထားနိုင်ပြီဖြစ်တယ်လို့ အသိပေးလို့ပါတယ်။ ဒါဟာ ခရီးဆုံး ပန်တိုင်းတော့ မဟုတ်သေးပါဘူး။ ကျနော်တို့ဟာ စစ်တပ်အာဏာရှင်စနစ် အဆုံးတိုင် ပြိုလဲချိန်အထိ ဆက်လက် တိုက်ပွဲဝင်ကြရအုံးမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ပြည်သူများ ရုန်းကန်လှုပ်ရှားနေသည်မှာ ၁၉၈၈ ခုနှစ်ကတည်း က ဖြစ်ကြောင်း ၊ ခေတ်အဆက်ဆက် စစ်အစိုးရ လက်ထက်များ၌ မတရားမှုနှင့် အနိုင်ကျင့် ဗိုလ်ကျ ချယ်လှယ်မှုများကို လူထုနည်း နိုင်ငံရေးနည်းဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ပြည်သူများ၏ ကြံ့ကြံ့ခိုင်နိုင်မှုဖြင့် စစ်အာဏာရှင်စနစ်တော်လှန်ရေး၌ လေးနက်ကျယ်ပြန့်စွာ တွေ့ ရှိရ၍ လေးနက်စွာ ဦးညွှတ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။
Thanlwin Myanmar Media