ရွှေပြည်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ MEC စက်ရုံပိုင် အာမီရမ်စက်ရုံအား ၇၉ မမဖြင့် ပစ်ခတ်တိုက်ခိုက်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ MEC စက်ရုံပိုင် အာမီရမ် စက် ရုံအား ၇၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ည ၁၀ နာရီ ၅ မိနစ်က ရွှေပြည်သာမြို့နယ်အတွင်းရှိအကြမ်းဖက်စစ် တပ်လက်အောက်ခံ MEC ပိုင် Army Rum (အာမီရမ်) အရက်ချက်စက်ရုံကို တာဝေးပစ် ၇၉ မမ လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိရောက်ရောက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၏ ဦးဆောင်မှုဖြင့် အ နောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး (ပကဖ) မှ တိုက်ခိုက်ရေးတပ်ဖွဲ့ ရဲဘော်များက ပြည်သူ့ အာဏာ အကြမ်းဖက် သိမ်းပိုက်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်း၌ ည ၁၀နာရီခန့်က ပေါက်ကွဲသံ ၃ ကြိမ်ကြားရကြောင်း ဒေသနေပြည် သူများက ပြောဆိုသည်။
Thanlwin Myanmar Media