International News

0 0
Read Time:8 Minute, 44 Second

အာဏာသိမ်းချိန်မှစ၍ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂၅ ဆနီးပါးတိုးမြင့်လာပြီး နိုင်ငံလူဦးရေ ၏ ၃ ပုံ ၁ ပုံ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များလိုအပ်နေ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

အာဏာသိမ်းချိန်မှစ၍ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂၅ ဆနီးပါး တိုးမြင့်လာပြီး နိုင်ငံလူဦးရေ ၏ ၃ ပုံ ၁ ပုံသည် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များလိုအပ်လျက်ရှိကြောင်း သြစ တြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၄ နှစ် ပြည့်ခြင်း အပေါ် ပူးတွဲထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားသည်။

 

ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာ ရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကြပ်အတည်းများထဲမှ တစ်ခု ကို ဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ကြောင်း၊ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက် ကွယ်ဆုံးရှုံနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံး ခဲ့ ကြရကြောင်း ယင်းပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲ ခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း ဆက်လက်ပြောဆိုထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်း တိုက်ခိုက်မှု ပျမ်းမျှ ၃ ကြိမ်ရှိကြောင်း ဖော်ညွှန်းနေကြောင်း၊ ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများ တွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန် မြှင့် ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေကြောင်း ထောက်ပြထားသည်။

 

အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ များ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန် မြန်မာစစ်တပ်ကို တောင်းဆို လိုက်ကြောင်း၊ ထို့အပြင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ရန် နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတို့ကိုအပြည့် အဝ လိုက်နာကျင့်သုံးရန် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ဆက် လက် ပြောဆိုထားသည်။

 

၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်များသည် အာဏာသိမ်းပြီးသည့် အချိန်ကထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ သို့မဟုတ် ၁၉.၉ သန်း ကျော် သည် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံအထောက်အပံ့များကို လိုအပ်လျက်ရှိကြောင်း၊ ခန့် မှန်းခြေ ၁၅.၂ သန်းမျှသော ပြည်သူများမှာ စားနပ်ရိက္ခာထောက်ပံ့မှုကို လိုအပ်လျက်ရှိကာ တားဆီး နိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာလည်း တိုးမြင့်လျက်ရှိကြောင်း ထောက်ပြပြောဆိုသည်။

 

ပိုမိုများပြားလာသော လိုအပ်ချက်များနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကြောင့် နေ ရပ်စွန့် ခွာခဲ့ရသော ပြည်သူအရေအတွက်မှာ ယမန်နှစ်ကထက် ၁ သန်းနီးပါးတိုးမြင့်လာရာ စုစုပေါင်း ၃.၅ သန်းကျော်ရှိနေပြီဖြစ်သည့်အပြင် မြန်မာနိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော်တိမ်းရှောင်ထွက် ပြေးခဲ့ရသည့် ပြည်သူအမြောက်အမြားလည်း ရှိကြောင်း အသိပေးထားသည်။

 

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများ အပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသ တွင်း မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

ယခုလက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ပဲ ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၄င်းတို့၏ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်း သတိပေးထားသည်။

 

ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အ ကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာ စစ်အာဏာရှင်အား အလေးအနက် တိုက်တွန်းပါကြောင်း ပြောဆိုထားသည်။

 

ဤအချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေသည့် ငြိမ်းချမ်းသော ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော ခြေလှမ်းများဖြစ်ပြီး မြန်မာ နိုင်ငံအရေးကိစ္စကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာ တွင် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံအဖွဲ့အစည်း၏ ပဓာနကျသည့် အခန်းကဏ္ဍနှင့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မိမိတို့၏ အားပေးထောက်ခံမှုကို ထပ်လောင်း အတည်ပြုကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် အာဆီယံနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို နွေး ထွေးစွာ ကြိုဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အ ကောင်အထည်ဖော်ဆောင်ခြင်းအား ဆက်လက် အားပေးထောက်ခံသွားရန် နိုင်ငံတကာအသိုက် အဝန်းကို တောင်းဆိုထားသည်။

 

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးအတွက် တာဝန်ယူမှု တာဝန်ခံ မှုရှိစေရေး၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်း မှု များကို တားဆီးကာကွယ်ရေးတို့ကို အလေးပေးပြောကြားလိုပြီး မြန်မာပြည်သူများနှင့်အတူ တ သားတည်း ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်ပြီး ငြိမ်းချမ်းသာယာဝပြော သည့် အနာဂတ်ဖြစ်ပေါ်လာရေးကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပူးတွဲထုတ် ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *