Chin Sate News

0 0
Read Time:3 Minute, 43 Second

လူ ၂၄ ယောက်နှင့်လေယာဉ် တစ်စီး မလဲနိုင်ဟုဆိုကာ ရိက္ခာများချမပေးခဲ့ဟု စစ်သုံ့ပန်းများ ထွက်ဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၁

 

ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲအတွင်း၌ အကြမ်းဖက်စစ်တပ်ကောင်စီတပ်က လူ ၂၄ ယောက်နှင့် လေယာဉ် တစ်စီး မလဲနိုင်ဟုဆိုကာ ရိက္ခာများချမပေးခဲ့ကြောင်း စစ်သုံ့ပန်းများက ထွက်ဆိုထား သည်။

 

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ၌ ဖမ်းဆီးရရှိသော စစ်သုံ့ပန်း များနှင့်အင်တာဗျူးကာ ချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အဲဒီ ကတိပေးထားတဲ့ဟာကို သူတို့ကိုယ်တိုင် ကတိဖျက်တာ။ အဲဒါကို စိတ်နာနေကြတာ ဒီကအဖွဲ့ တွေက။ လေယာဉ်တစီးနဲ့ မင်းတို့ လူ ၂၄ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့စကားကို တအားစိတ်နာသွား တာ”ဟု စစ်သုံ့ပန်းက ပြောကြားသည်။

 

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ကစတင်ခဲ့ရာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ချင်းညီ နောင်က ဒီဇင်ဘာအတွင်း ဖမ်းဆီးရှိခဲ့ကြောင်း သိရသည်။

 

” ဒီကလွတ်သွားလည်း ကလေးမြို့ကို မပြန်တော့ဘူး ကျနော်တို့က ။ ဒီအထဲမှာပဲ ပူးပေါင်းတော့ မယ်။ မလုပ်ချင်တော့ဘူး။ စိတ်နာတယ်။ စားနပ်ရိက္ခာ လာချပေးပါဆို မင်းတို့အတွက်နဲ့ ငါ့လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့။ အဲဒါဆို ဘာလုပ်တော့မှာလည်း ကျနော်တို့မှာ ။ဘာမှ လုပ်စရာမရှိတော့ဘူး သူတို့ကို ပြန်တိုက်ဖို့ပဲရှိတော့တယ်”ဟု ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းတစ်ဦးက ထွက်ဆိုသည်။

 

ဖမ်းမိစစ်သုံ့ပန်းများ၏ ပြောပြချက်အရ စစ်ကူလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့ကို စစ်ကူ လာရမည်ကို မသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်း၍ တက်လာရခြင်းဖြစ်ကာ ဖလမ်းမြို့ရှိ တောင် ကုန်းတ နေရာသို့ ချပေးသွားကြောင်း၊ ဖလမ်းသို့ ရောက်ရောက်ချင်း တိုက်ပွဲ၌ပင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ပြီး တောအတွင်း ဒဏ်ရာရသူများ၊ ဒဏ်ရာဖြင့်သေဆုံးသူများ၊ အစာရေ စာငတ် ပြတ်မှုများ ဖြစ်ခဲ့ရကြောင်း သိရသည်။

 

“တပ်ကလူကြီးတွေ ပြောတဲ့စကားကို နားမယောင်ပါနဲ့ တော့လို့ပဲ ပြောချင်တယ်။ ကျနော် ကိုယ်တိုင် ကလည်း နည်းပြလုပ်ခဲ့ဖူးတယ် ။ နည်းပြလုပ်ခဲ့ဖူးတော့ ဘယ်လိုနားထဲကို ရိုက်သွင်းလဲဆိုတော့ မင်း တို့တွေ လက်နက်ချ အဖမ်းခံရရင်လည်း အသတ်ခံရမှာပဲ။ ဒီတိုက်ပွဲဖြစ်လို့ သေတာက မြတ်တယ်။ မင်းတို့ လက်နက်ချအဖမ်းခံပြီးတော့ သေနတ်တွေ ကျည်ဆန်တွေသွားပေးရင်လည်း မင်းတို့ အသတ် ခံရမှာပဲ သေလမ်းပဲရှိတယ် ရှင်လမ်းမရှိဘူးဆိုတဲ့ စကားကို နားမယောင်ပါနဲ့လို့ ပြောချင်တယ်” ဟု စစ်သုံ့ပန်းတစ်ဦးက ပြောကြားသည်။

 

လက်ရှိ ဖမ်းမိစစ်သုံပန်းများအနေဖြင့် ချင်းညီနောင်တွင် အဖမ်းခံရစဉ်ကတည်းက ကောင်းမွန်စွာ နေထိုင်စားသောက်ရပြီး အကျယ်ချုပ်သဘောသာနေကြရ၍ အဆင်ပြေကြောင်း စစ်သုံ့ပမ်းများက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *