မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်မှု CDM ကျောင်းသူ ၁ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၁
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ကျောင်းသူ ၁ ဦးသေဆုံးခဲ့ ကြောင်း We Love Myaing ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် သန်းခေါင်းယံအချိန် နံနက်အစောပိုင်း ၁၂ နာရီ ၅၃ မိနစ်က မြိုင်မြို့ နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီး ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ကလည်း မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦး လေ တပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် အောင်ဆန်းတက္ကသိုလ်ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ကျောင်း သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – အောင်းဆန်းတက္ကသိုလ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် CDM ကျောင်းသူမိန်းကလေး
ထို့အပြင် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့အနောက်တောင်ဘက် စက်မှု ၂ သို့ ရောက် ရှိ နေသော အကြမ်းဖက်စစ်ကောင်စီတပ် ကလည်း ခြေလျင်စစ်ကြောင်းထွက်လာကာ နံနက် ၉ နာရီ ဝန်းကျင်တွင် ကံသာကောင်းရွာမြောက်ဘက်သို့ရောက်ရှိပြီး၊ ၎င်းမှတဆင့် ဆက်လက်ထွက်လာရာ မွန်းတည့် ၁၂ နာရီခန့်တွင် မြိုင်မြို့နယ် အရှေ့တောင်ဘက်ပိုင်း၊ မင်းကန်ရွာ အနောက်ဘက် သစ် တော အုပ်ထဲသို့ ရောက်ရှိခဲ့ကြောင်း ၊ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ညနေပိုင်းအထိ တောအုပ်ထဲ၌ ရှိနေခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၃၀ နံနက်ပိုင်းက ပခုက္ကူမြို့နယ် ၊ အနောက်ဘုန်းကံရွာကနေ ထွက်လာသည့် စစ်ကောင်စီတပ်သားများသည် ညနေ ၆ နာရီ ဝန်းကျင်၌ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ညောင်တွင်း (အရှေ့) ရွာအနီးသို့ ရောက်နေကြောင်း သိရသည်။
Thanlwin Myanmar Media