အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်အမျိုးသားများကို စစ်ကောင်စီက ပြည်ပထွက်ခွင့်ပိတ်
သံလွင်မြန်မာသတင်း
ဇန်ဝါရီလ ၃၁
အကြမ်းဖက်စစ်ကောင်စီက ၎င်းထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ် အမျိုးသားများကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပကအလုပ် အ ကိုင် အကျိုးဆောင်ကုမ္ပဏီများထံမှ သိရသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ကစ၍ မြောက်ဒဂုံမြို့နယ်၊ ပင်လုံခန်းမ၌ စာချုပ်ချုပ်မည့် သူများနှင့် OWIC ပြုလုပ်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်အမျိုးသားများကို ပြန်လွှတ်နေခြင်းဖြစ်ပြီး စာ ချုပ် ချုပ်ပြီးသူများကိုလည်း OWIC ကဒ် ရိုက်မပေးပဲ ပြန်လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။
Photo – ရန်ကုန်လေဆိပ်မှ ပြည်ပသို့ ထွက်ခွာနေကြသည့် လူငယ်တချို့
“အရင်က အသက် ၂၃ နှစ်ကနေ ၃၁ နှစ်ကြားပဲ ကန့်သတ်တာ၊ အခုက အသက် ၁၈ နှစ်ကနေ ၃၅ နှစ် ကြားအထိ ကန့်သတ်လိုက်ပြီ။ မနေ့က ပင်လုံမှာ စာချုပ်ချုပ်မယ့်သူတွေလည်း ပြန်လွှတ်တယ်။ OWIC ကတ်တွေလည်းမိန်းကလေးပဲရိုက်ပေးတာ၊ ယောက်ျားလေးတွေဆိုရင် မရိုက်ပေးပဲ ပြန်လွှတ် တယ်၊ အေဂျင်စီတွေရော၊ လူငယ်တွေရော အကုန်ပြဿနာတက်ပြီပေါ့” ဟု ပြည်ပအလုပ်ကိုင် အ ကျိုးဆောင်ကုမ္မဏီတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၏ ပုဒ်မ ၅၀ နှင့် ၅၁ တွင် ဆေးစစ်အောင်မြင်ပြီးသူများ၊ စစ်မှုထမ်း အ မိန့်ရရှိပြီးသူများသည် စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်မရှိ ကြောင်း ပြဌာန်းထားသည်။
ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်လိုက်ပြီဖြစ်၍ စစ်မှုထမ်းရန် အကျုံးဝင်နေသော အမျိုးသမီး၊ အမျိုးသားများနှင့်ပတ်သက်၍ ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ညွှန်ကြားချက်များ မကြာမီ ထွက်ရှိနိုင်ဖွယ် ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက ထံက သိရသည်။
“အလုပ်သမားဦးစီးဌာနဘက်ကတော့ တရားဝင် ဘာမှ မပြောသေးဘူး။ ဒါပေမယ့် ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေအရတော့ အသက်အရွယ်အရ အကျုံးဝင်တဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ညွှန် ကြားချက်တွေ မကြာခင်ထွက်လာဖို့ရှိတယ်လို့တော့ပြောတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ် အကိုင်အေဂျင်စီ မန်နေဂျာတစ်ဦးက ပြောကသည်။
ယမန်နှစ် ဩဂုတ်လမှစတင်၍ စစ်ကောင်စီက အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အကြား အမျိုးသား များကို ပြည်ပအလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် ယခုနောက်ဆုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော အမျိုးသား အလုပ်သမားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စတင် ပိတ် ပင်လာ ခြင်းဖြစ်သည်။
Thanlwin Myanmar Media