Mandalay News

0 0
Read Time:2 Minute, 42 Second

နွားထိုးကြီးမြို့နယ်တွင် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး၊ ဗိုလ်ကြီးတို့အပါ အ ဝင် ၂၂ ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း ၈ ဦးကို လက်နက် ၃၉ လက်နှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက် ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူး ဗိုလ်ကြီးအပါအဝင် စစ်သား ၂၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၈ ဦးကို လက်နက် ၃၉ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက နွားထိုးကြီးမြိုနယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗမ ရန် လင်းအောင်နှင့် ဗက အောင်ဇော်မင်း ဦးစီးသော တပ်မ-၉၉ လက်အောက်ခံ ခမရ ၁၄၊ ခမရ ၁၅ နှင့် ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာကြား၌ ကြား ဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ အဖွဲ့ဝင် ဗက အောင်ဇော်မင်းအပါ အလောင်း ၂၁ လောင်း ရရှိပြီး ဗမ ရန်လင်းအောင် ထိခိုက်‌ဒဏ်ရာဖြင့် ဆုတ်ခွာရင်း သေဆုံးကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးကို MA-1 အမျိုးအစား သေနတ် ၃ လက်၊ MA-2 အ မျိူး အစား သေနတ် ၄ လက်၊ MA-3 အမျိုးအစား သေနတ် ၆ လက်၊ MA-4 အမျိုးအစား သေနတ်၂ လက်၊ MA-5 အမျိုးအစား သေနတ် ၁ လက်၊ MA-11 အမျိုး အစား သေနတ် ၆ လက်၊ G-3 အမျိုး အစား သေနတ် ၁၂ လက်၊ G-4 အမျိုးအစား သေနတ်၂ လက်၊ BA-94 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ပြောင်းရှည် ၁ လက်နှင့် ၆၀ မမ ဗုံးသီး ၂၉ လုံး၊ အီနာဂါ ၅ လုံး၊ နာနတ် သီးဗုံး ၉ လုံး၊ ၉ မမ ကျည် ၃၀၅ တောင့်နှင့် ဦးထုပ် ၁၀ လုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် တပ်ရင်း ၁၀ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တံတားဦးလေဆိပ်မှ ထွက်လာသော Mi-35 ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *