Magway News

0 0
Read Time:4 Minute, 0 Second

အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ် ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်အပြင်းအထန်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၀

 

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီ ၁၇ မိနစ်က အထက်မင်းလှမြို့နယ် ၊ ရှမ်းတပ် ရဲစခန်း အတွင်းသို့ ၄၀ မမ လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံးရဲစခန်းအတွင်း ကျရောက် ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိသည့် အကြမ်းဖက်စစ်သားများကို ရဲစခန်းပတ်ဝန်းကျင်တစ်ခုလုံး ပိတ်ချပစ်ကာ အရေးပေါ်ဆေးကုသနေ ကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်ပြီးတော့ ဆေးတပ်သားတစ်ယောက်ရှိတယ်လို့တော့ ကြားတယ်၊ အဲဒါနဲ့ စခန်းတွင်း မှာ ကြိတ်ပြီးတော့ ကုနေကြတာ၊ စခန်းကို လူဝင်လူထွက်မရှိအောင် လုံးဝပိတ်ချလိုက်တာ၊ တိုက်ပွဲ ဖြစ်နေတဲ့ ပုံစံမျိုး အသင့်ပြင်ထားပြီးတော့ အတွင်းထဲမှာပဲ ကုနေတာ။ အဲလိုမပိတ်ချခင် အတွင်းထဲ ကနေ ‘ဘယ်နှစ်ယောက်လောက်ထိသွားလဲ၊ ၇ ယောက်ထိထားတယ်၊ ဆေးဆေး ဆိုပြီး အလောတ ကြီးဖြစ်ပျက်နေတဲ့ အသံလောက်ပဲကြားလိုက်ရတာ၊ အတွင်းထဲထိသတင်းရဖို့တော့ ခက်ခဲတယ်။” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မခံရမီအချိန်ကလည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဆေးရေးဂိတ်အမည်ခံကာ ခရီးသွားပြည်သူလူထုကို ဆက်ကြေးကောက်ခြင်း ၊ အတင်းအကြပ်ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ လုပ် ဆောင်နေသည့် စခန်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States of Burma Army – USBA တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စခတွေဘက်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်တဲ့ ပြည်သူတော့ မရှိပါဘူး။ ဒါမေပယ့် အ ကြမ်းဖက်စစ်ကောင်စီစခန်းအနီးအနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စခန်းအနီးအနားမှာ မနေဖို့၊ စစ် တပ်စခန်းနဲ့ မီတာ ၁၀၀ ၊ မီတာ ၂၀၀ အတွင်းမှာနေတာက အရမ်းအန္တရာယ်များတယ်၊ ကျနော်တို့ လက်နက်ခဲယမ်းတွေဆိုတာက အနီးကပ်တိုက်ပွဲမှာ အန္တရာယ်နည်းကောင်း နည်းနိုင်ပေမယ့် လက် နက်ကြီးပစ်ခတ်မှုတွေမှာဆိုရင် လူကို မထိအောင် အရမ်းကို ဂရုစိုက်ပစ်ရတာ၊ သို့သော်လည်းလွဲချော် မှုဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်မှုဖြစ်မှာ စိုးရတယ်၊ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်တပ်စခန်း အနီးအနားမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက သို့ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *