Magway News

0 0
Read Time:2 Minute, 27 Second

ရေစကြိုမြို့ပေါ်ရှိ စုပေါင်းရုံးကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၀

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနှင့် စစ်သား၏ ဇနီးဖြစ်သူတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ဇန်နဝါရီလ ၃၀ ရက် နံနက် ၅ နာရီခန့်က ရေစကြိုမြို့ပေါ် ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး (ရုံး ပေါင်စုံ) ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ရုံးပေါင်းစုံအနီးကပ်၍ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရုံးပေါင်းစုံအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး ၊ စစ်သား၏ ဇနီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၄၀ မမ နဲ့ထုခဲ့တာ။ ရုံးပေါင်းစုံအနီးကို ကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့နေတဲ့ ရုံးပေါင်းစုံ ထဲကိုကျတာ၊ သူ့တို့က ရုံးပေါင်းစုံထဲမှာပဲနေတဲ့သူတွေ၊ စခ ၂ ဦးရယ်၊ အဲဒီစခရဲ့ ဇနီးတစ်ယောက် ရယ်ပေါ့၊ စုစုပေါင်း ၃ ယောက် ဒဏ်ရာရတာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက ပြောက်ကြားနည်း ဗျူဟာ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ မြို့ပြစစ်ဆင်ရေးများကို ထပ်မံ၍ ကြိုး စားလုပ်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်စခန်းများ၊ အကြမ်း ဖက် စစ်တပ်လက်အောက်ခံ လက်နက်ကိုင် ဝန်ထမ်းများရှိသည့် နေရာများတွင် အနားယူခြင်း၊ နီး ကပ်စွာ သွားလာခြင်းမပြုရန် အထူး မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *