Read Time:54 Second
ကဗျာကဏ္ဍ “အောင်စိတ်”
ပျိုးကြဲလက်
ပြည်ထောင်မှာ ညီနောင်အထူးရယ်က
တပ်ဦးမှာ အောင်စည်ဆော်ရင်ဖြင့်
ရွှေပြည်တော် မျှော်မဝေးပါဘု
မန္တလေးကို သိမ်းမယ်။
ကျုံးရေကြည်ရာ မန်းတောင်ရိပ်မှာလ
အောင်နမိတ် ကိုယ်စီနဲ့
ပြည်တော်ကို ဝင်ချင်စမ်းပါဘိ
နန်းမူဟန် ပျိုဖြူထွားရယ်က
ကြိုမှာလားကွယ် ။
အောင်တေးကို မောင်သီလို့
စစ်ချီရာ လမ်းတလျှောက်မှာဖြင့်
ထောက်ပို့အားက အလျှံပယ်
ပေါများတယ် အခွင့်ထူး ။
ပြည်တခို ဘေးအလိုလို ပြိုပါဘိ
ရန်သူဆို ဗိုလ်မထားတာက
ပြည့်အားကို ဘယ်နတ်ဘုရားမှ
တားမရဘူး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် ညနေ ၆ နာရီ ၁၈ မိနစ်
Thanlwin Myanmar Media