Tanintharyi News

0 0
Read Time:3 Minute, 20 Second

ကော့သောင်းမြို့နယ်တွင် စစ်တပ်က ထုတ်ပေးသည့် လက်နက်ကိုင်ဆောင်ပြီး “PDF တွေ သေချင် ရင် လာခဲ့” ဟု စိန်ခေါ်ထားသူ ပျူစောထီးခေါင်းဆောင် ခေါင်းဖြူ (ခ) မြင့်ဆွေ ပစ်ခတ်ခံရပြီး သေ ဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်က ထုတ်ပေးထားည့် လက်နက်ကိုင် ဆောင်ကာ “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသူ ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ခေါင်းဖြူ (ခ)မြင့် ဆွေကို ၎င်းနေထိုင်ရာ ဟက်စဒင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံး သွား ကြောင်း သိရသည်။

 

သေဆုံးသူ မြင့်ဆွေသည် အကြမ်းဖက် စစ်ကောင်စီတပ် အားကိုးဖြင့် ဒေသနေပြည်သူများအပေါ် နိုင် ထက်စီးနင်းလုပ်နေခြင်း၊ တော်လှန်ရေးသမားများအား စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံသို့ သ တင်းများပေးပို့ခြင်းနှင့် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းရာတွင် အားကြိုးမန်တက် ပါဝင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ရပ်များကို မလုပ်ဆောင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းထံသို့ သတိပေးစာများ ပေးပို့ခဲ့သော်လည်း ဂရုမစိုက်သည့်အပြင် “PDF တွေ သေချင်ရင် လာခဲ့” ဟု ကြွေးကြော်နေသူဖြစ်ကြောင်း သိရသည်။

“သူက ပျူခေါင်းဆောင်၊ ရာအိမ်မှူးလည်း ဟုတ်တယ်။သူက လက်နက်ကိုင်ဆောင်ပြီး စကစ အား ကိုးနဲ့ ပျူအရှိန်အဝါနဲ့ ရပ်ထဲရွာထဲမှာ ထင်တိုင်းကျဲနေတဲ့ လူတစ်ယောက်၊ သူ့ကို ဒေသခံ အများစု ကတော့ ခေါင်းဖြူပဲခေါ်ကြတာ။ မြင့်ဆွေဆိုပြီးတော့ တော်ရုံမခေါ်ကြဘူး။ အလောင်းကို တော့ ကော့သောင်းဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ပျူစောထီးများ အစရှိသော စစ်ကောင်စီထောက်တိုင်များအားလုံး အနေဖြင့် အချိန် မနှောင်းခင် ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူနှင့်အတူပူးပေါင်းကြပါရန်နှင့် ပြည်သူ့ ဘက်မရပ်တည် သော မည်သူ့ကိုဖြစ်စေ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ထုံးလုပ် နည်းအညီ ထိရောက်စွာ အရေးယူနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *