အုတ်ဖိုမြို့နယ်တွင် “PDF ကို မျိုးဖြတ်မည်” ဟု ကြွေးကြော်ထားသူ စစ်မှုထမ်းဟောင် ပျူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၉
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် “PDF ကို မျိုးဖြုတ်မည်” ကြွေးကြော်ထားသူ စစ်မှု ထမ်းဟောင် ပျူအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း မြေ အောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီက အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာနေ စစ်မှု ထမ်းဟောင်း ပျူ တင်နိုင်ထွန်းကို အုတ်ဖိုတာဆုံနှင့် သဖန်းပင်ဆိပ်ရွာကြားရှိ ကားလမ်းပေါ်၌ ဆိုင်ကယ်စီး၍ ပြန်လာစဥ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းသေနတ်ကျည် ၁ ချက်ထိမှန်ပြီး နေရာမှာ ပင်သေဆုံးသွားကြောင်း၊ ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မ ရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူတင်နိုင်ထွန်းသည် PDF များကို မျိုးဖြုတ်ပစ်မည်ဟု ကြွေးကြော်ထားသည့် အ ကြမ်းဖက် စစ်တပ် ထောက်တိုင် အမာခံတစ်ဦးဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော် များ၏ အချက်အလက်များကို စုံစမ်း ထောက်လှမ်း၍ စကစ ထံ သတင်းပို့ခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများအား မမှန်မကန်သတင်ပေးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သိ့ အရေးယူရခြင်းဖြစ်ကြောင်း မြေအောက် ပြောက်ကျား တပ်ဖွဲ့ -အုတ်ဖိုက ထုတ်ပြန်ထားသည်။
မြေအောက် ပြောက်ကျား တပ်ဖွဲ့ – အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခ ပေးနေကြသည့် အကြမ်းဖက်စစ်ကောင်စီ၊ စစ်တပ်နှင့် စစ်တပ်ထောက်တိုင်များကို တိုက်ခိုက် သွား မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးတိုက်တွန်းထားသည်။
Thanlwin Myanmar Media