Magway News

0 0
Read Time:2 Minute, 32 Second

မြိုင်မြို့နယ် အကြမ်ဖးက်စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်သား ၊ ပျူစောထီးများကို ၄ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။

 

ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က မြိုင်မြို့တွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မန္တလေး ဂိတ်ဖက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၂ ဦးကို အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းမှ ထွက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ လင်းကတောနယ်မြေ ရဲစခန်းမှ အကြမ်းဖက် စစ်သား၊ ပျူစောထီးများသည် လင်းကတောရွာအတွင်း မိုင်းထောင်ပြီး အများပြည်သူများ၏ အစား အသောက်များကို ခိုးယူ‌နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကိုင်ဆောင်အသုံးပြုသော BA 63 အမျိုးအစား သေနတ် ၂ လတ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပကဖ အမှတ် ၁ တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့နှင့် မြိုင် ပကဖ – မြောက်ပိုင်းဇုန်တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *