Sagaing News

0 0
Read Time:2 Minute, 51 Second

စစ်မှုထမ်းစာရင်းသွင်းမည်ဟုခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၁၃၀ တောင်းခံခဲ့သည့် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲ-မှူ-း သန်း-ဇော်နှင့် ထွေအုပ် ဝန်ထမ်းများကို စစ်တပ်က ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်မှုထမ်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၁၃၀ တောင်းခံခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ -မှူ-း သန်းဇော်နှင့် ထွေအုပ်ဝန်ထမ်းများကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး – ကျော်နိုင်၊ မြို့နယ်တပ်ဖွဲ့မှူး ရဲ-မှူ-း သန်း-ဇော်တို့သည် ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ရာ အသက် ၂၄ နှစ်အရွယ် မောင်ကျော် မင်းခန့်ကိုတွေ့ရှိပြီး  ဧည့်စာရင်းတိုင်ကြားထား ခြင်းမရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းစာရင်း သွင်းမည်ဟု ပြောဆိုကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်သွားကြောင်း သိရ သည်။

ထိုသို့ခေါ်ဆောင်သွားပြီးနောက် မောင်ကျော်မင်းခန့်၏ မိဘများထံသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ အငယ်တန်း စာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ယောက်ကို လူစား လဲလှယ်ပေးမည်ဖြစ်သည်ဟု ဆက်သွယ်ပြောဆိုကြောင်း၊ ထို့ ကြောင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူမှ ငွေကျပ် သိန်း ၁၃၀ သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရသည်။

 

ယင်းငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ-မှူ-း သန်းဇော် က ၂၅ သိန်း၊ မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံး မှ အကြီးတန်းစာရေး ကျော်ခိုင်လတ် က ၂၅ သိန်း၊ ခရိုင် အထွေ ထွေအုပ် ချုပ်ရေးမှူးရုံး မှ အငယ်တန်းစာရေး သူရိန်ညွန့် က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်တွင် နေထိုင်သည့် သန်းစိုးထိုက် က ၅၀ သိန်း အသီးသီး ခွဲဝေယူခဲ့ကြကြောင်း သိရသည်။

 

စစ်မှုထမ်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၁၃၀ တောင်းခဲ့သည့် ရွှေဘိုမြို့နယ် ရဲ တပ်ဖွဲ့မှူး ရဲ -မှူ-း သန်းဇော် အပါအဝင် ထွေအုပ်ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *