တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ် ရဲစခန်းဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 (MDA-3) ထံမှ သိရ သည်။
ဇန်နဝါရီလ ၂၁ ရက်န့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်စစ်သား၊ ပျူ၊ ရဲ အင်အား ၆၀ ခန့်ဖြင့် တပ် စွဲထားသော တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူး ပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၃ ဦးသေဆုံးခဲ့သည့်အပြင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်းသည် ဘန်ကာများ၊ ဆက်သွယ်ရေး တူးမြောင်းများ ဖြင့် ခိုင်မာစွာ ဆောက်လုပ်ထားသည့်အပြင် အကြမ်းဖက် စစ်တပ်ဘက်မှလည်း Mi-35 ၂ စီး ၊ ဂျက် ဖိုက်တာ ၁ စီးတို့ဖြင့် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင် အမှတ် ၃ တပ်ရင်းနှင့် တောင်သာ ပကဖ တို့ ပေါင်းစည်း တိုက် ခိုက်ခဲ့ခြင်းပြီး မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ Drone Team မှ ဦးဆောင်ကာ နေပြည်တော် 801 တပ် ရင်း နှင့် မိုးမခ အဖွဲ့ တို့ကလည်း Drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media