နေပြည်တော် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် ဆင်ကြီး အသက်ပေးဆပ်ကာ ကယ်ထုတ်ခဲ့ရ သည့် စစ်မှုထမ်းတပ်သားသစ်များကို ကောင်းမွန်စွာစောင့်ရှောက်ထား
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၇
နေပြည်တော် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် ဆင်ကြီး အသက်ပေးဆပ်ကာ ကယ်ထုတ်ခဲ့ရ သည့် စစ်မှုထမ်းတပ်သားသစ်များကို ကောင်းမွန်စွာစောင့်ရှောက်ထား နေပြည်တော် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့ – ပကဖ ထံမှ သိရသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ် စိပ်မှူး အပါအဝင် တပ်သား ၇ ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်း တနေရာသို့ ရောက်ရှိနေစဉ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံသို့ ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရသည်။
ထိုသို့ ဘက်ပြောင်းခိုလှုံလာသော တပ်သားများနှင့်အတူ MA-3 အမျိုးအစား သေနတ် ၂ လက်၊ MA-1 အမျိုး အစား သေနတ် ၄ လက်၊ ကျည် ၅၉၃ တောင့်နှင့် ကျည်ဘောက် ၁၃ ဘောက်တို့ကို ယူဆောင် ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို သွားရောက်ခေါ်ထုတ်စဉ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတိုက်ခိုက်ရေး တပ် ဖွဲ့မှရဲဘော်ဆင်ကြီး ကျဆုံးခဲ့ကာ ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေး မြို့နယ်-ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘက်ပြောင်း ခိုလှုံလာသည့် တပ်သား ၃ ဦးလည်းကျဆုံးခဲ့ကြောင်း သိရသည်။
ကျဆုံးခဲ့သည့် ရဲဘော်များကို ဇန်နဝါရီလ ၁၉ ရက်နေ့က အာဇာနည်ကုန်းတွင် ဂုဏ်ပြုတပ်ဖွဲ့မှ အ လေးပြု၍ အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ပါကြောင်း၊ အသက်ရှင်လွတ်မြောက်လာသည့် စစ်မှုထမ်းသင် တန်းဆင်း တပ်သား ၄ ဦးကို တိုင်းဦးဆောင်အဖွဲ့မှ လွှဲပြောင်းလက်ခံယူခဲ့ပြီး တပ်သားများ၏ အချက် အလက်များအား စစ်ဆေးမေးမြန်း၍ မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဘက်ပြောင်းခိုလှုံလာသော တပ်သားများကို ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိကြောင်း ၊စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် အမှု ထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင်တစု၏ အကျိုးအတွက်ဆောင်ရွက်နေခြင်းအား အ မြန်ဆုံးစွန့်လွှတ်၍၊ ပြည်သူ့နှင့် ပူးပေါင်းကြပါရန် အလေးအနက် တိုက်တွန်းထားသည်။
Thanlwin Myanmar Media