Tadaoo Airport News

0 0
Read Time:2 Minute, 45 Second

တံတားဦးလေဆိပ်ကို ရှော့တိုက်ဒုံး ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေယာဉ် ဂိုဒေါင် ထိမှန် ပျက်စီး

 

D Day News

ဧပြီလ ၁၉

 

မန္တလေးတိုင်း၊ တံတားဦးမြို့ရှိအကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေဆိပ်ကို ရှော့တိုက်ဒုံး ၁၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ထားသည့် ဂိုဒေါင် ထိမှန် ပျက်စီးခဲ့ကြောင်း Freedom Revolution Force – FRF ထံမှ သိရသည်။

 

ဧပြီလ ၁၇ ရက် နံနက် အစောပိုင်း ၂ နာရီခန့်ကမြန်မာနိုင်ငံလုံးအနှံ့ရှိ ပြည်သူများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုနေသော တံတားဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၁၂ လုံး ခန့်ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး လေယာဥ်ဂို​​​​ဒေါင်နှင့်ဂိုဒေါင်ထဲသိမ်းထားသော လေယာဉ် အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

 

“လေယာဉ်တွေထားတဲ့ ဂိုဒေါင်ထိတာတော့ သတင်းရထားတယ်၊ ကျန်တဲ့နောက်ဆက်တွဲသတင်းက တော့ မရသေးဘူး၊ ၃ လုံးလောက်ကတော့ ပစ်ခတ်တဲ့ ပစ်မှတ်ကို မရောက်တာဖြစ်ခဲ့တယ်။ ၉၀ မမ တွေကတော့ အကုန်လုံးနီးပါး ပစ်မှတ်ထိတယ်၊ ၁၀၇ မမ ပဲ ၃ လုံးလောက်မရောက်တာ။ အခုချိန် အထိ အကုန်လုံးပိတ်ထားတာ၊ နောက်ဆက်တွဲ ဘယ်လိုမှ ထောက်လို့မရဘူးဖြစ်နေတယ်၊ဒီလေဆိပ် ကနေပြီး မြန်မာနိုင်ငံအနှံ့က ပြည်သူတွေကို ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့် ကျနော်ပစ်မှတ် ထားပြီး တိုက်ခိုက်ခဲ့တာပါ” ဟု Freedom Revolution Force – FRF မှ တာဝန်ရှိသူတစ်ဦးက ပြော ကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force – FRF အထူးတာဝန်တပ်ဖွဲ့ – ၁ ၊ Kyaukse Revolution Army – KRA နှင့် စဥ့်ကိုင်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်အတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

FRF အထူးတပ်ဖွဲ့သည် စစ်အာဏာရှင်ကျဆုံးရေးအတွက် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ၏ အ ရေးကြီးနေရာများအား တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *