War Crime News

0 0
Read Time:5 Minute, 38 Second

အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလ အတွင်း ဆေးရုံဆေးခန်းများနှင့်ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်နေဟု NUG ပြောဆို

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆

 

အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလ အတွင်း ဆေးရုံဆေးခန်းများနှင့်ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်နေကြောင်း NUG အစိုးရက ထုတ်ပြန် ပြောဆိုသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နေ့လည်ပိုင်းက ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံအား တိုက်ပွဲဖြစ်ပွား ခြင်း မရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM သူနာပြု ဆရာမကြီး ၁ ဦး၊ CDM ရုံးဝန်ထမ်း ၁ ဦး နှင့် ဆေးကုသမှုခံယူနေသူ အရပ်သား ပြည်သူ ၁ ဦး၊ စု စုပေါင်း (၃) ဦး ကျဆုံးခဲ့ကာ ဆေးရုံဝန်ထမ်းများ၊ CDM ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါ အဝင် အရပ်သား ပြည်သူ ၂၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် ကျောက်မဲပြည်သူ့ ဆေးရုံတစ်ခုလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၂၂ ရက် ညပိုင်းကလည်း ဖားအံမြို့နယ်၊ ဟတလက် (ဟာတရယ်) ကျေးနယ်အုပ်စု၊ ဖလံတောင်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့၍ အသက်ဘေးမှ ကင်းလွတ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလ အတွင်း ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ လုပ် ဆောင်ကာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း NUG အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော CDM ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရပြီး ဝန်ကြီးဌာနအနေ ဖြင့် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာ စွာ လက်တွဲရပ်တည်လျက် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း ထုတ်ပြန်ထားသည်။

 

သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှုကို ဆောင် ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရား ဥပဒေ အရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

လူစိတ်ပျောက်နေသော အ ကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံ အားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ကြရန် သတိပေး တိုက်တွန်း ထားသည်။

 

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများအသုံးပြု၍ မြန်ဆန် ထိရောက်စွာ တားဆီးအရေးယူကာ ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ် တည်ပေးရန် အထူးလိုအပ်ပါကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။

 

NUG အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲ ကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူ များနှင့်လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *