မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
ဇန်နဝါရီလ ၁၃ ရက် နေ့က မြိုုင်မြို့မှ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် ထွက်လာသော အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အင်ရောင်း ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဝက်ခေါင်းကျေးရွာအနီးတွင်တစ်ကြိမ် ၊ ကျောင်း ကုန်းကျေးရွာအနီးတွင် တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း ကျောင်းကုန်းကျေးရွာနှင့် ကန်နီပျူစောထီးကျေးရွာ ကြား၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၂ ကြိမ် ထပ်မံဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကန်နီပျူစောထီးကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထား သည့် မိုင်းကို နင်းမိကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးထပ်မံသေဆုံးခဲ့ရာ မိုင်းဆွဲ တိုက်ခိုက် မှု တစ်ကြိမ်၊ ရင်ဆိုင်တိုက်ပွဲ ၄ ကြိမ် ဖော်ဆောင်ခဲ့မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးကာ ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောာင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို MUGDF – အညာမြေတပ်ပေါင်းစု ၊ ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း၊ အ မှတ် ၆ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်း၊ အမှတ် ၁၅ တပ်ရင်း ၊ အမှတ် ၁၇ တပ် ရင်း ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၅ ၊ မြိုင် ပကဖ တပ်ရင်း ၊ Pakokku Earthquake အဖွဲ့၊ ဝံပုလွေပြောက် ကျား တပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးအဖွဲ့ – ပကဖ များပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media