CDM News

0 0
Read Time:3 Minute, 17 Second

ပင်လောင်းမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းခံရသူ တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ အ လင်းဝင်ရောက်စဉ် သွားရောက်ခေါ်ဆောင်သည့် PDF တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ PDF ၁ ဦး၊ အလင်းဝင် စစ်သား ၃ ဦး ကျဆုံး၊ ၂ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းခံရသူ တပ်သား ၇ ဦး လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်စဉ် သွားရောက်ခေါ်ဆောင်သည့် PDF တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ PDF ၁ ဦး၊ အလင်းဝင် စစ်သား ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ အဓမ္မ စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား ၇ ဦးသည် လက်နက်နှင့်အတူ အလင်းဝင်ရောက်လို ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်အဖွဲ့- နေပြည် တော်သို့ ဘက်ပြောင်းခိုလှုံလာခဲ့သဖြင့် သွားရောက်ခေါ်ထုတ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တိုင်းတိုက်ခိုက်ရေး တပ်ဖွဲ့မှ ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေး မြို့နယ်-ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ထိုအပြင် ဘက်ပြောင်းခို လှုံလာသည့် တပ်သား ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်ခံရမှုအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သော နေပြည်တော်- ဇေယျာသီရိမြို့နယ် ပကဖ တာဝန် ခံ ရဲဘော်ယက္ခနှင့် လယ်ဝေး မြို့နယ်-ပကဖမှ ရဲဘော်သူရတို့ကို သွေးထွက်မလွန်စေရန် KNDF B-11 မှ ဆေးမှူးနှင့်တကွ ဆရာဝန်များက ကနဦးဆေးကုပေးခဲ့ရာ ယခုအခါ နေပြည်တော်- ဇေယျာသီရိ မြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခ၏ ဒဏ်ရာများ သက်သာနေပြီဖြစ်သည်ဟု ဆိုသည်။

 

ကျဆုံးသွားခဲ့သည့် ရဲဘော်များကိုလည်း ဇန်နဝါရီလ ၁၉ ရက်နေ့က အာဇာနည်ကုန်းတွင် ဂုဏ်ပြု တပ်ဖွဲ့မှအလေးပြု၍ အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ပေးခဲ့ပြီး ကျဆုံးရဲဘော်များ၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်ပေးပါသော၊ လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသော EROs ခေါင်း ဆောင်များ၊ မဟာမိတ်တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား လေး နက်စွာဖြင့် မှတ်တမ်းတင်ပါကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကထုတ်ပြန်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *