TNLA News

0 0
Read Time:3 Minute, 28 Second

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု CDM ကျန်းမာရေး ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ဝန်ထမ်း၊‌ ဆေးကုသနေသူ လူနာ ၂၀ ကျော်ဒဏ်ရာရ ၊ ဆေးရုံ လည်း ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထိန်းချုပ်ထားရာ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ကျန်းမာရေး ဆရာမ ၁ ဦး ၊ လူနာ ၁ ဦးသေဆုံးပြီး ဝန်ထမ်း၊‌ ဆေးကုသနေသူ လူနာ ၂၀ ကျော်ဒဏ်ရာရရှိကာ ဆေးရုံလည်း ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်နှင့် ၁ နာရီ ၂၉ မိနစ်တို့တွင် တအာင်းပြည်၊ တပ်မ ဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ ၁ ဦး ၊ လူနာ ၁ ဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်း၊ CDM ဝန်ထမ်းများ၊ ဆေးကုသနေသူ လူနာများ ၊လူနာစောင့်များ အပါ အဝင် ပြည်သူ ၂၀ ဦး ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုအပြင် ကျောက်မဲပြည်သူ့ဆေးရုံ တစ်ခု လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံသည် လူနာကုတင် ၁၅၀ ခုဆံ့ ဆေးရုံဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ် ခဲ့ကြောင်း၊ ကျောက်မဲမြို့ကို PSLF/TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေကြောင်း သိရသည်။

 

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ပြည်သူများကို PSLF/TNLA  ရဲဌာနနှင့် ပရဟိတ အသင်းများမှ ဝိုင်း၀န်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ  နေအိမ်အ‌ ဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံး ကြဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *