မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၁ စီးပျက်စီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် ကြေးနီတင် အကြမ်းဖက် စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း Area 71 PDF Monywa တပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီ ၅၇ မိနစ်က မုံရွာမြို့မှ ထွက်ခွာလာသော ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီပြားများ သယ်ဆောင်လာသော တွဲကား ၄၆ စီးတန်းနှင့် သံပြားကာ ၈ စီး ပါ ယာဉ် တန်းအနက် သံပြားကာ ကား ၂ စီးနှင့် ကြေးနီသယ် တွဲကား ၄ စီး၏ နောက်ဆုံး ၄ စီး မြောက်ကားကို အထူးပြုလုပ်ထားသော ပြင်းအားမြင့် ပဒေသာ ပေါက်စီမိုင်း လေးလုံး တစ်ပွိုင့်ဖြင့် ထိထိ မိမိဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ မိုင်းထိမှန်သည့် ကားပျက်စီးသွားကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုပြီးနောက် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ သည့် ရဲဘော်များကို ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီး သွားသော ကားကို ဘက်စုံခြံထဲ၌ သယ်ဆောင်သွားကြောင်း သိရ သည်။
“ကင်းပုန်းတွေကြားကနေ ခက်ခက်ခဲခဲချဉ်းကပ်ပြီး မိုင်းဆွဲခဲ့တာပါ၊ ပထမ အသုတ်ထဲက ရှေ့ပြေး သံပြားကာ ကား ၂ စီး နဲ့ ကြေးနီသယ်တွဲကား ၄ စီးရဲ့ နောက်ဆုံး ၄ စီးမြောက်ကားကို တိုက်ခိုက်ခဲ့ တာ၊ မိုင်းထိတဲ့ကားကတော့ ဘက်စုံခွေးခြံထဲမှာ ရပ်ထားတယ်၊ ကင်းပုန်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာရှိပေမယ့် ရဲဘော်တွေ ခေတ္တခဏ ခိုအောင်းပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုတ်နိုင်ခဲ့ပါတယ်၊ စခ အသေအထိအခိုက်တော့ သတင်းမရသေးဘူး” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖေါက်ခွဲရေး အဖွဲ့ ၊ Area 71 PDF Monywa ၊ နယ်စည်း မခြား လက်နက်ကြီး တပ်ဖွဲ့နှင့် ကမျဉ်းနီ (K.M.N) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media