ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်သေဆုံး မှုရှိပြီး အထိနာသောစစ်တပ်က မြိုု့သာရဲစခန်းအနီးရှိ ဘီယာဆိုင် တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြား ထိခိုက်သေဆုံးမှုရှိပြီး စစ်သားများက ရဲစခန်းအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း ထံမှ သိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းအတွင်း အင်အား ဖြည့် ထားသော အကြမ်းဖက် စစ်သား၊ ပျူစောထီး ၄၀၀ ခန့်ကို နေ့စဉ်ရက်ဆက် ဒရုန်းဖြင့် လက်လုပ် 3kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1kg ဒရုန်း ဗုံးသီး ၆ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများ ကို တိကျစွာ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား၊ ပျူစောထီများ ထိခိုက် သေဆုံးမှုရှိ ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုက ရှိတယ်၊ စုံစမ်းလို့မရတာ၊ အဓိကချတာက မြို့သာရဲစခန်းပေါ့၊ ရဲစခန်း ပင်မ ဆောင်ရယ်၊ စခတွေနေတဲ့ လိုင်းခန်းတွေ၊ အဆောက်အအုံတွေပေါ် ချခဲ့တာ၊ ပစ်မှတ်ကို ထိထိ ရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ ညနေ့ပိုင်း ချုံထဲမှာ ကင်းပုန်းဝပ်တာကိုလည်း ကွက်တိ ချနိုင်ခဲ့တယ်၊ ကျရောက်ပေါက်ကွဲတာ၊ အဲဒီကင်းပုန်းစခတွေလည်းတော်တော်များများ သေ တယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေး က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း ဦးဆောင်၍ မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃ နှင့် ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်သားများက မြို့သာရဲစခန်းအနီးပတ်ဝန်းကျင်ရှိ ပြည် သူ့နေအိမ်များနှင့် ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ဘီယာဆိုင်တစ်ဆိုင်မီးလောင်ပြာကျခဲ့ ကြောင်း၊ နေအိမ်များလည်း အနည်းငယ်မီးလောင်ဆုံးရှုံးမှုရှိခဲ့ ကြောင်း သိရသည်။
“မီးရှို့တာက ရဲစခန်းပတ်ပတ်လည် နေအိမ်တွေကို လိုက်ရှို့တာ ရှေ့လည်း သိပ်မတက်ရဲဘူး။ တက်ရ သလောက်တက်ပြီးရှို့တာ၊ ဘီယာဆိုင်ကတော့ ပြာကျသွားတယ်၊ ပြည်သူတွေက ဝိုင်းငြှိမ်းဖို့လုပ်တာ ကို အငြှိမ်းမခံဘူး ပြည်သူ့နေအိမ်တွေကတော့ နည်းနည်းပါးပါးလောက်လောင်သွားတာ၊” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရှင်းပြသည်။
ယခုအခါအကြမ်းဖက်စစ်ကောင်စီက ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်တို့ အ တွင်းသို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း၊ စစ်သားများနှင့်အနီးကပ်စွာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media