SAC News

0 0
Read Time:4 Minute, 50 Second

စစ်မှုထမ်းနည်း ဥပဒေအရ သတ်မှတ်အသက်ပြည့်သူ အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင် ကျန်ရှိနေသူကို ဖမ်းဆီးထောင်ချမည်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

စစ်မှုထမ်း နည်းဥပဒေအရ သတ်မှတ်အသက်ပြည့်သူ မိန်းကလေးများပါ စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင် ကျန်ရှိသူနေသူများကို ဖမ်းဆီးထောင်ချမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေတွင်ဖော်ပြထားသည်။

 

ဇန်ဝါရီလ ၂၃ ရက်န့က ထုတ်ပြန်လိုက်သည့် စစ်မှုထမ်း နည်းဥပဒေတွင် အခန်း (၁၀) ခန်း၊ နည်း ဥပဒေ ပြဋ္ဌာန်းချက် (၅၉) ခု ၊ နောက်ဆက်တွဲ ပုံစံ (၁၂) ခု ပါဝင် ကာ အခန်း (၁) အမည်နှင့်အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အခန်း (၂) ပြည်သူ့စစ်မှု ထမ်းရန် အသက် နှင့်ကာလတွက် ချက်ခြင်း၊ အခန်း (၃) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့် ဆင့်ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်း တာဝန်များ၊ အခန်း (၄) စစ်မှုထမ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း (၅) ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်း အ ခြားကို လျှော့ပေါ့ပေး ရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြား အထိ ရွှေ့ဆိုင်းရန် ဖြစ်စေ လျှောက်ထား ခြင်း၊ အခန်း (၆) တွင် အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း (၇) တွင် ဆေးစစ်ရေး ဘုတ်အဖွဲ့များ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း (၈) တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစား ခွင့်များ၊ အခန်း (၉) တွင် စစ်စည်းရုံးခြင်းနှင့် အခန်း (၁၀) တွင် အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင် ကြောင်း သိရသည်။

 

ယခု ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီသည့် လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမည် ဖြစ်ပြီး ထွက် ပြေးပါက နေအိမ်တွင်ရှိသည့် အိမ်သားများ အရေးယူခံရမည်ဟု ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် ဖော်ပြထားရာ အသက်မှတ်ချက်ပြည့်မီသူ မည်သူမဆို စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေး ပါက နေအိမ်တွင် ကျန်ရှိသူများဖမ်းဆီးထောင်ချခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“လူငယ်တွေအနေနဲ့ ကြားနေလို့မရတော့ဘူး။ အရင်လို တော်လှန်ရေးက ငါနဲ့မဆိုင်ဘူး။ နိုင်ငံရေး က ငါနဲ့မဆိုင်ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာဆိုပြီး နေလို့မရတော့ဘူး။ ဒီဖက်ဆစ်စစ်တပ် အမြစ်မ ပြတ်သရွေ့ လူငယ်တွေ ရှေ့တန်းပို့ အသေခိုင်းနေအုံးမှာပဲ၊ ဒီဖက်ဆစ် စစ်တပ်မှ မရှိတော့မှ တိုင်း ပြည်က အေးချမ်းတော့မှာ၊ ဒါကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဲ့ ကျရာနေရာ ကျရာ အခန်း ကဏ္ဍကနေ တော်လှန်ရေးကို မြိုင်မြိုင်ဆိုင်ဆိုင် လုပ်ဆောင်ကြရမယ့်အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

 

စစ်ကောင်စီ ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက် သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ၊ အ မျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုး သား ဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ များပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် လူငယ်များ စစ်မှုထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်း ရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *