ပေါက်ခေါင်းမြို့နယ်၊ ပျူသင်တန်းအပတ်စဉ် ၁ တက်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ဝင်း ကျော် ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၄
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူသင်တန်းအပတ်စဉ် ၁ တက်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ဝင်းကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေ ၄ နာရီခန့်က ပေါက်ခေါင်းမြို့နယ် ၊ ကျွဲဘောင်ဘင်အုပ်စု ၊ကျွဲ ဘောင်ဘင်ရွာနေ ဝင်းကျော်သည် ပျူအပါတ်စဉ် ၁ သင်တန်းဆင်းကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ၏ သတင်းအချက်လက်များကို စုံစမ်းပြီး ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ တပ်ကို ပေးပို့ကာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် ၎င်းသည် PDF တပ်ဖွဲ့ဝင်များကိ အရှင်ဖမ်းဆီး မိပါက “ငါးခူးကို ဓါးဖြင့်မွှန်းသလို မွှန်းပြီးမှ သတ်မည်” ဟုကြွေးကြော် ခြိမ်းခြောက်ထားသူ ဖြစ်ကြောင်း၊ ပျူအပါတ်စဉ် ၁ သင်တန်းကို ပေါက် ခေါင်းမြို့နယ်၊ အုပ်ပုံရွာအခြေစိုက် ခလရ ၅၃ တပ်ထဲ၌ ၃ လတက်ရောက်ထားသူဖြစ်ကာ ပေါက် ခေါင်းမြို့နယ်ထွေအုပ်မှ တလလျှင် ကျပ် ၂ သိန်း (၂၀၀၀၀၀) ကျပ် ထောက်ပံ့လစာ ရယူ ထားသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၄ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ၊ ပျူများ၊ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးသေူ ထောက်တိုင်များကို စစ်ရေးပစ်မှတ်များ အဖြစ် သတ်မှတ်ကာ အလျဉ်း သင့်လျှင် သင့်သလိုအပြစ်ပေးအရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း အသိပေးထား သည်။
Thanlwin Myanmar Media