Chaung U News

0 0
Read Time:2 Minute, 27 Second

ချောင်းဦးမြို့ ရဲစခန်းနှင့် သစ်တောရုံးတို့ကို ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၄ ဦး သေဆုံး

 

D Day News

ဧပြီလ ၁၈

 

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ်၊ ချောင်းမြို့မရဲစခန်းနှင့် သစ်တောရုံးကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရ သည်။

 

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ၁၀ နာရီ ၁၉ မိနစ်ခန့်တွင် ချောင်းဦးမြို့မရဲစခန်းကို တော်လှန်ရေးတပ် ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သဖြင့် ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ ရန်ရှင်းဒေသ ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်းနှင့် မီးတောက်တပ်ခွဲ (မုံရွာခရိုင် အမှတ်- ၁၂ တပ်ရင်း ၊ တပ်ခွဲ -၄) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ချောင်းဦးမြို့၊ သစ်တောရုံးအတွင်းရှိ အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း-People’s Defence Force – South Monywa တပ်ခွဲ ၂) ၊ Black Hunter People’s Task Force နှင့် တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *