Mandalay News

0 0
Read Time:3 Minute, 2 Second

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တောင်ဘက် ၊ ရထားသံလမ်းအနီးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့နေ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တောင်ဘက် ၊ ရထားသံလမ်းအနီးတွင် စစ်တပ်စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့၏‌ တောင်ဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများ အနက်‌ ရှေ့ပြေး စစ်သား ၄ ဦးကို ရထားသံလမ်းအနီးမိုင်းကွင်းထဲအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး စလုံး မိုင်းစထိမှန် လဲကျကာ သွေးသံရဲရဲ ဖြင့် မြို့သာမြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရ သည်။

 

“မြို့သာမြို့ထဲကနေ စစ်ကြောင်းထိုးဖို့ထွက်လာတာ၊ အင်အားက ၈၀ လောက်ရှိတယ်၊ မိုင်းကွင်းထဲ ဝင် လာတာက ၄ ဦးပဲ ဝင်လာတာ၊ မသေမရှင် သွေးရဲရဲ သံရဲရဲနဲ့ ဆေးရုံပေါ်ကို တခါတည်း သယ် သွားတာ၊ထိချက်ကတော်တော်ကောင်းတယ်၊ နေရာမှာ တင် ခွေလဲသွားတာ၊ အကုန်လုံးဝင်မလာလို့၊ အကုန်လုံးဝင်လာရင်အတော်အထိနာမှာ၊ ခြေချောင်းထိုးပြီး ဝင်လာတာ” ဟု နဂါးနီပြောက်ကျားတပ် ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံမှုကြောင့် အထိနာသော အကြမ်းဖက်စစ်သားများက မြို့သာမြို့အရှေ့ပိုင်း ကို ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှစ၍ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများကလမ်းဘေးရှိ ပြည်သူ့နေအိမ် အတော်များများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအရေ အတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယင်းအ ကြမ်းဖက်စစ်ကြောင်းသည် တံတားဦးမြို့နယ်၊ ဂွေးကုန်းရွာဘက်မှ ၁၂ ဘီးကားဖြင့် မြို့သာ မြို့သို့ ဝင်ရောက်လာကာ မြို့သာမြို့ရှိ စစ်သားများနှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးလာခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ-မြင်းခြံ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *