တနင်္သာရီမြို့နယ်၊ တနင်္သာရီ – မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၅၀ ကျော် သေဆုံး၊ စစ်တပ်က ပြည်ထောင်စုလမ်းမကြီးပေါ်ခရီးသွားပြည်သူများကို အသုံးချနေသဖြင့်လမ်းပိုင်း ယာယီပိတ်
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၅၀ ကျော်သေဆုံးကာ စစ်တပ်က ပြည်ထောင်စုလမ်းမပေါ်ရှိ ခရီးသွားပြည်သူများကို အသုံးချ နေဖြင့် လမ်းပိုင်းယာယီပိတ်ထားကြောင်း မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစ၍ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် တနင်္သာ ရီ -မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သဖြင့် သိန်းခွန်ကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက် နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲကာလ ၁ လကျော် အတွင်း အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှဘက်မှလည်း ၃ ဦးကျဆုံးထားပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အားတွေထပ်ဖြည့်၊ ထပ်တက်နေလို့ တိုက်ပွဲက ပြင်းထန်နေဆဲပါ၊ စခတွေဘက်က ထိခိုက် သေ ဆုံးမှုတွေများတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ ဒါပေမယ့် ပြန်မဆုတ်သေးဘူး။ အင်အား တွေ ထပ်ဖြည့် ထပ်တက်နေတုန်းပဲ၊ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တာ ရှိပါတယ်” ဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော လက်နက် ၄ လက်၊ လက်ပစ်ဗုံး၊ အီနာဂါ ဗုံးသီး၊ ကျည်ဆံများနှင့် စစ်အသုံအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၁ ၊ ကော်သူးလေတပ်မတော် (ထီးဆဲ့မဲ့ ရွာ စစ်ကြောင်း) နှင့် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့နေခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယင်း တိုက်ပွဲကို အထောက်အကူဖြစ်စေရန်အတွက် မြိတ် -တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသော ခရီးသွားပြည်သူကားများကို အသုံးချကာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေ ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ပြီး မိဘပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် ယင်းလမ်းပိုင်းကို ယာယီပိတ်ပင်လိုက်ပြီး ခရီးသွားမိဘပြည်သူများ အနေ ဖြင့် ပူးပေါင်းပေးကြပါရန်နှင့် ခရီးသွားလာခွင့်ပြုမည့်အချိန်အား ထပ်မံ အသိပေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media