Bago News

0 0
Read Time:2 Minute, 7 Second

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမှ ပျူတစ်ဦး ပစ်ခတ် ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမှ ပျူ ရှမ်းလေး(ခ)မိုးကြီးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်က မင်းလှမြိုနယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူ ရှမ်းလေး (ခ) မိုးကြီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၄င်း၏ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို မင်းလှမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြိး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

သေဆုံးသွားသော ပျူ ရှမ်းလေး (ခ) မိုးကြီးသည် အကြမ်းဖက်စစ်သားများထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်း ထောက်လှမ်း၍ အကြမ်းဖက်စစ်သားများထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစများနှင့် စကစထောက်တိုင်များအား အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *