Magway News

0 0
Read Time:2 Minute, 44 Second

ဆင်ဖြူကျွန်း -တညောင်လမ်းပိုင်းအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း စလင်း ပကဖ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၃

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း -တညောင်လမ်းပိုင်းအား ယနေ့ ဇန်နဝါရီလ ၂၃ ရက် မွန်း တည့် ၁၂ နာရီအချိန်မှ စ၍ ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၂၁ ရက်ည ပိုင်းက ဆိပ်ဖြူမြို့နယ်ဘက်မှ စစ်ကား ၅ စီးဖြင့် တက်လာသော အကြမ်း ဖက်စစ်သားများသည် တညောင်ကျေးရွာသို့ ရောက်ရှိစခန်းချနေပြီး ယင်းအကြမ်းဖက်စစ်သားများ နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ယနေ့ ဇန်နဝါရီ လ ၂၂ ရက် နံနက် ၁၀ ချိန် မှစ၍ ဆင်ဖြူကျွန်း-တညောင်ကားလမ်းပိုင်းအား စစ်ရေးအခြေအနေအရ ပြည်သူများခရီးသွားလာခြင်းအား ယာယီပိတ်ထားမည်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

“ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းအား ပြည်သူများအနေဖြင့် ၂၃ရက် ဇန်နဝါရီလ ၁၂:၀၀ နာရီမှစ၍ ပုံမှန်သတ်မှတ်အချိန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးအပ်ပါတယ်ဗျ။” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကကလည်း စလင်းမြို့နယ်၊ တညောင်တိုက်နယ် ကျေးရွာများသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ကပစ ၂၁ ၊ ချောက်မြို့၊ ဆိပ်ဖြူမြို့၊ ပခုက္ကူတပ်မ ၁၀၁ တို့မှ အင် အား ၂ဝဝ ဝန်းကျင်ဖြင့် စုဖွဲ့ကာ စစ်ကြောင်းထိုးလာကာ ဆင်ဖြူကျွန်း- တညောင်လမ်းပိုင်း အကြား ရှိကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်း၊ လေယာဉ်ပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အ ပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ကကလည်း ဆင်ဖြူကျွန်း- တညောင်လမ်းပိုင်အကြားရှိ ကျေးရွာ များသို့ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေကာ ပစ္စည်းများ ခိုးယူခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲများဖြစ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *